News

POST TAGGED AS

အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအဓိကကစားသမားနှစ်ဦး ဖြစ်သည့် ကွင်းလယ်လူ အိုဇေးလ်နှင့် တိုက်စစ်မှူး ဆန်းချက်ဇ်တို့က စာချုပ်သစ် ဆွေးနွေးမှုဆိုင်ရာ ကိစ္စများကို ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ အသီးသီး အချိန်ရွှေ့ဆိုင်းလိုက်ကြပြီဟု ဖွင့်ဟဝန်ခံသွားခဲ့ကြောင်း Sky Sports က ဖော်ပြထားသည်။
ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်သည် ဝက်စ်ဘရွန်းက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ၎င်းအား ဖွင့်ဟပြောကြားသွားခဲ့သည်ဟု အသိပေးလိုက်ကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်အသင်း တာဝန်ရှိသူများသည် အာစင်ဝင်းဂါး၏ အနာဂတ်အတွက် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းကို သတင်းမီဒီယာများက ရာသီကုန်ဆုံးချိန်တွင် အသင်းနှင့် နည်းပြ အာစင်ဝင်းဂါး အကြား လမ်းခွဲတော့မည့် သဘော ရေးသားဖော်ပြလာခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ယခုထွက်ပေါ်နေသည့် ခန့်မှန်းချက်များမှာ သတင်းမီဒီယာများ၏ လိုရာဆွဲ ရေးသားမှု သက်သက်သာ ဖြစ်ကြောင်း အာဆင်နယ်အသင်း တာဝန်ရှိသူများက မှတ်ချက်ပေး ပြောကြားလိုက်သည်ဟု The Mirror က ဖော်ပြထားသည်။
နည်းပြ အာစင်ဝင်းဂါးသည် ၎င်း၏ ၂၁ နှစ်ကြာ အာဆင်နယ်နည်းပြဘဝ ဖြတ်သန်းမှုကို လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် အပြီးသတ်လိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်ကာ အာစင်ဝင်းဂါး၏ အနာဂတ်နှင့် စပ်လျဉ်း၍ အာဆင်နယ် ဒါရိုက်တာဘုတ်အဖွဲ့ အတွင်း သဘောထား ကွဲလွဲမှုများလည်း ရှိနေကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ် တိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်သည့် အီယန်ရွိုက်သည် ၎င်း၏ဆရာဖြစ်သည့် အာစင်ဝင်းဂါးက အာဆင်နယ်ထံတွင် နည်းပြဘဝ ဖြတ်သန်းမှု အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်ကြောင်းကို ၎င်းအား ဖွင့်ဟအသိပေးထားပြီ ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း Mail Online က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဘန်လေကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် စတုတ္ထဒိုင်လူကြီး အန်တိုနီတေလာကို တွန်းထိုးခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ဘုန်းမောက်နှင့် အာဆင်နယ်တို့ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ပြီးတွင် ဆန်းချက်ဇ်တစ်ဦးတည်း မဟုတ်ဘဲ အာဆင်နယ် တစ်သင်းလုံး ဒေါသပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အသိပေး ပြောကြားလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းသည် လာမည့် နွေရာသီကာလတွင် ၂၀၁၇-၁၈ ဘောလုံးရာသီ ကြိုပြင်ဆင်မှုအဖြစ် အာရှတိုက်သို့ လာရောက်လေ့ကျင့်ရေး ဆင်းကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားလိမ့်မည် ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
အာဆင်နယ်အသင်း နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ယင်းပွဲစဉ်ကို တာဝန်ယူ ကြီးကြပ်သွားခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မာတင်အက်ကင်ဆန်၏ ဆုံးဖြတ်ချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အာဆင်နယ် တစ်သင်းတည်းကို နှစ်ပေါင်း ၂၀ ကြာ စွဲစွဲမြဲမြဲ တာဝန်ယူခဲ့သည့် နည်းပြ အာစင်ဝင်းဂါးကို ချီးကျူးစကား ပြောကြားလိုက်ပြီး ၎င်းမှာ အာစင်ဝင်းဂါးကဲ့သို့ အသင်းတစ်သင်းတည်းကို နှစ် ၂၀ ကြာ တာဝန်ယူဖြစ်လိမ့်မည် မဟုတ်ကြောင်းလည်း ဂွါဒီယိုလာက အသိပေးသွားခဲ့သေးကြောင်း Mail Online က ဖော်ပြထားသည်။