News

POST TAGGED AS

အသုံးစရိတ်

လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံပေါင်း ၃၂၀၀ ကျော်တောင်းခံခဲ့ရာ ယခင်ဘဏ္ဍာရေးနှစ်ထက် ၅၇ ဒသမ ၁၁၄ ဘီလီယံကို တိုးမြှင့်တောင်းခံခဲ့ရကြောင်း ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။
ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများသုံးရန် ကျပ်ဘီလီယံပေါင်း နှစ်သောင်းငါးထောင် (ကျပ်သန်းပေါင်း ၂၄,၉၅၄,၆၁၅ ဒသမ ၉၉၇ ) ခန့်ကို တောင်းခံလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မိုက်ပွမ်ပေယိုသည် ဂျာမနီ၏ကာ ကွယ်ရေးအသုံးစရိတ်ကို ပစ်မှတ်ထားဝေဖန်ခဲ့ပြီး၊ သူဝန်ကြီးအဖြစ် တက်ရောက်ရသော ပထမဆုံး နေတိုးဆွေးနွေးပွဲတွင် မဟာမိတ်နိုင်ငံများ ကာကွယ်ရေးဝန်ထုပ်ကို မျှထမ်းကြရေး သမ္မတထရမ့်၏ တောင်းဆိုချက်အတိုင်း ဖိအားပေးခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
ယခု ၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အတွက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံက တရားဝင် ထုတ်ပြန်ကြေညာလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေး ကျောင်းသားများ၊ ဆရာများနှင့် ပြည်သူလူထုထံမှ လက်မှတ်များ ဖေဖော်ဝါရီလ ၂၀ ရက်တွင် စတင်ကောက်ခံနေကြောင်း ဇန်နဝါရီလကုန်ပိုင်းက ဆန္ဒပြခဲ့ကြသော ကျောင်းသားများ ပါဝင်ဖွဲ့စည်းထားသည့် ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး ဦးဆောင်လှုပ်ရှားမှုကော်မတီထံမှ သိရှိရသည်။
လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံ့ဘဏ္ဍာမှ ခွဲဝေပေးသည့် ပညာရေးအသုံးစရိတ်သည် ယခင် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ် ကာလများထက်စာလျှင် အနည်းငယ် ပိုလာသည်ကို တွေ့ရသော်လည်း အိမ်နီးချင်း နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အလွန်ပင် နည်းပါးလျက် ရှိနေသေးသည်။
အကျင့်စာရိတ္တပျက်ပြားမှုနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကြောင့် ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသားများ အသနားခံစာတင်ပါက ယခုပညာသင်နှစ်တွင် စာမေးပွဲဖြေခွင့်ပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေးတောင်းဆိုသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားများ ကျောင်းထုတ်ခံရခြင်းနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်းကာ ဖေဖော်ဝါရီလ ၁ ရက်၊ မွန်းလွဲ ၂နာရီ(ဒေသစံတော်ချိန်)တွင် လန်ဒန်မြို့ မြန်မာစစ်သံရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေးနှင့် ကျောင်းထုတ်ခံရသော ကျောင်းသားများကို အမြန်ဆုံး ကျောင်းပြန်တက်ခွင့်ပေးရန် အပါအဝင် ကျောင်းထုတ်နေမှုကို ရပ်တန့်ပေးရန် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော် ဇန်နဝါရီလ ၃၀ ရက်နေ့က အဆိုပါကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးရေး အစိုးရအနေနှင့် ရက်သတ္တပတ်နှစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးပေးရန် တောင်းဆိုပြီး ဆောင်ရွက်မပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့် ဆန္ဒပြမည်ဖြစ်ကြောင်း ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးတိုက်ပွဲကော်မတီဝင် ကိုကျော်သီဟရဲကျော်က ပြောကြားသည်။