News

POST TAGGED AS

အသင်းဖွဲ့

အမျိုးသမီးများ ဘေးကင်းလုံခြုံဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

 
ပုသိမ်၊ ဖေဖော်ဝါရီ ၁၈

ပုသိမ်မြို့ မဟာဗန္ဓုလလမ်းမကြီးရှိ SWAN HOTEL တွင် ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲပိုင်းက Triangle Women's Support Group (TWSG) နှင့် ဧရာဝတီတိုင်း WISH အဖွဲ့မှ အမျိုးသမီး ပူးပေါင်းပြုလုပ်သော “အမျိုးသမီးများ ဘေးကင်းလုံခြုံဖွံ့ဖြိုးရေးအတွက် အမျိုးသမီးတို့၏အသံ” တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အမျိုးသမီးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းအတွင်း အမျိုးသမီးများအရေး ဆောင်ရွက်သူများအကြား ရင်းနှီးမှုရရှိစေရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း Triangle Women's Support Group (TWSG)  အဖွဲ့မှ ဒါရိုက်တာဒေါ်ခင်လေးက ပြောသည်။

အမျိုးသမီးများကို သက်ဆိုင်ရာဌာနများက ဥပဒေအရ ထိရောက်စွာအကာ အကွယ်ပေးနိုင်ရန် အရေးကြီးကြောင်း၊ အမျိုးသမီးတွေအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိသားစုထဲမှပင် စတင် လေ့ကျင့်ပေးရုံတင်မကဘဲ စာသင်ကျောင်း ပတ်ဝန်းကျင်မှအစ အမျိုးသမီးများနှင့်ပတ်သက်သည့် အခွင့်အရေးများကို ကာကွယ်ရန် ဝိုင်းဝန်းကူညီ စောင့်ရှောက်ဖေးမရန် အသိပညာပေးရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။ 

တွေ့ဆုံပွဲကို ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးရဲမှူး အန်ခေါင်တင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းတရားလွှတ်တော် ညွန်ကြားရေးမှူး၊ ဥပဒေအရာရှိ၊ မဟော်သဓာ ဥပဒေ အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းအခြေစိုက် အမျိုးသမီးအဖွဲ့များနှင့် ဧရာဝတီလူငယ်ကွန်ရက် အဖွဲ့တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း Triangle Women's Support Group အဖွဲ့ထံမှ သိရသည်။ 

R-12



FOLLOW US