News

POST TAGGED AS

အလုံ

02-Apr-2018 tagged as ရန်ကုန် အလုံ
အလုံမြို့နယ်၊​ စောရန်ပိုင်အနောက်ရပ်ကွက်၊ သစ်တောလမ်းရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် မတ်လ ၃၀ ရက် နံနက် ၁၀ နာရီခန့်က ဆေးသုတ်ရန် ငြမ်းပြင်ဆင်သည့် သက်တော် ၃၀ အရွယ် ရဟန်းတစ်ပါး ငြမ်းပေါ်မှ ပြုတ်ကျခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မတ်လ ၃၁ ရက် နံနက်ပိုင်းက ပျံလွန်တော်မူသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
30-Mar-2018 tagged as ရန်ကုန် CCTV အလုံ
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် နေထိုင်သည့်ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် CCTV များ တပ်ဆင်သွားမည်ဖြစ်ကြောင်း အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်က ပြောကြားသည်။