POST TAGGED AS

အလုပ်

30-Dec-2016 tagged as အလုပ်
သင့်ရဲ့အလုပ်ရှင်နဲ့ စကားပြောတဲ့အခါ အမှားအယွင်းပါပြီး သင့်ရဲ့အသက်မွေးဝမ်းကျောင်းကို ထိခိုက်တာမျိုး မဖြစ်ရလေအောင် အလုပ်သဘောဆန်ဆန် စကားအသုံး အနှုန်းမျိုးကိုသာ ရွေးချယ်ပါ။ အထူးသဖြင့် ဒီစကားကိုးခွန်းကို ဘယ်တော့မှ မပြောမိအောင် ရှောင်ကြဉ်ပါ။
24-Dec-2016 tagged as အလုပ်
လုံခြုံစိတ်ချမှုကို ရရှိလိုတာဟာ လူ့သဘာဝပါ။ အလုပ်သစ်ကို ပြောင်းတဲ့အခါ မသေချာ မရေရာမှုတွေ ကြုံတွေ့ရနိုင်တာကြောင့် တော်တော်များများဟာ လက်ရှိအလုပ်ခွင်ထဲမှာပဲ နှစ်ပေါင်းများစွာ ဆက်လုပ်ဖြစ်လေ့ ရှိကြပါတယ်။
ကိုယ်လုပ်ချင်တဲ့ အလုပ်မှ ကိုယ်ကပျော်ပါတယ်။ ပုံမှန်ဆိုရင် နေပူထဲထွက်ရမှာ ကြောက်တဲ့သူဟာ ဘောလုံးကန်ဖို့အတွက်ဆို နေပူထဲ တစ်နေကုန် နေချင်နေလိမ့်မယ်။ ပျော်နေတဲ့လူလောက် ဘဝမှာ နေရကျိုးနပ်တာ ဘယ်ရှိမလဲ။ ပျော်နေသူရဲ့ ပတ်ဝန်းကျင်လည်း အပျော်တွေ ကူးစက်ပြီး သာယာတဲ့ မိသားစု၊ သာယာတဲ့ အလုပ်ခွင် ဖြစ်လာလိမ့်မယ်။ လုပ်ချင်တာ လုပ်နေရတဲ့ သူတွေဟာ အပန်းဖြေနားရက် အထူးအထွေ ရှာစရာ မလိုတော့ဘူး။ အလုပ်ဆိုတာကိုက အပျော်ဖြစ်နေတာကိုး။
15-Sep-2016 tagged as အလုပ် လစာ
အလုပ်တစ်ခုမှာ အချိန်အတိုင်းအတာတစ်ခုထိ လုပ်လာခဲ့ပြီး ကိုယ့်ဘက်က အဲဒီအလုပ်နဲ့ ပတ်သက်လို့ လုံလောက်တဲ့ ကျွမ်းကျင်မှုလည်း ရှိလာတဲ့ အချိန်ထိ အလုပ်ရှင်ဘက်က လစာတိုးပေးမယ့် အရိပ်အယောင် မပြသေးဘူးဆိုရင် ကိုယ့်ဘက်ကပဲ စပြီး လစာတိုးတောင်းရတော့မှာပါ။
29-Aug-2016 tagged as အလုပ်
အလုပ်မှာ အဆင်မပြေတာတွေ ရှိပေမယ့် လခအတော်အသင့်ကောင်းပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ခင်မင်နေတဲ့အခါ “ရပါတယ်လေ၊ ငါလုပ်ချင်တဲ့အလုပ် မဟုတ်ပေမယ့် လောလောဆယ်တော့ မထွက်သေးပါဘူး” ဆိုပြီး ဆက်လုပ်ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ နေပျော်တယ်ဆိုတဲ့ ခံစားချက်ကနေ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတွေပေးပြီး အလုပ်က မထွက်ရဲတော့ဘဲ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဖြစ်ဘဲ ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝနဲ့ ဝေးကွာသွားပါတော့တယ်။
20-Aug-2016 tagged as အလုပ်
အလုပ်ခွင် အင်တာဗျူးနဲ့ အလုပ်ကိစ္စ ဆွေးနွေးမှုတွေမှာ သင်ဟာ အောက်ပါအမူအကျင့်တွေကို ပြုလုပ်မယ်ဆိုရင် သင့်ကိုမရင့်ကျက်သူ ပညာရှင်မဆန်သူ
အမှန်တကယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံမှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရရှိပြီး ထိုက်သင့်တဲ့လုပ်ခ လစာလေး ပုံမှန်ရလို့ ကိုယ့်မိဘ ကိုယ့်ရပ်ရွာမှာပဲ အိုးအိမ်ကို မခွဲမခွာနေကြ၊ လုပ်ခွင့်ရနေကြရရင်ပဲ ကျေနပ်ကြမယ့်သူတွေလို့ ထင်ပါတယ်။ အမှန်တကယ် တော့လည်း ရေခြားမြေခြားမှာ မိဘညီအစ်ကိုတွေ၊ ငယ်ပေါင်းတွေ၊ ချစ်သူ ခင်သူတွေ၊ ဇာတိမြေတွေကို နှစ်ရှည်လများခွဲခွာပြီး တိုင်းတစ်ပါး ဘယ်သူကမှ အလုပ်သွားလုပ်ချင်ကြမယ် မထင်မိပါဘူး။