News

POST TAGGED AS

အလုပ်အကိုင်

ရခိုင်တွင် မသန်းစွမ်းသူများအတွက် ပထမဆုံးအကြိမ် ခြေတုပေး
စစ်တွေ၊ ဖေဖော်ဝါရီ ၈ 

ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ်အဖြစ် ခြေတုပေးအပ်ပွဲကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် LDSC( LATTER-DAY  SAINT CHARITIES) တို့မှ စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူများက သတင်းအချက်အလက်စီးဆင်းမှု အားနည်းခြင်းကြောင့် ခြေတုရနိုင်သောနေရာကို မသိကြောင်း၊ ခြေတုရသဖြင့် လှုပ်ရှားနိုင်ခြင်း၊ အလုပ်လုပ်နိုင်ခြင်းများ ရှိသဖြင့် ခြေတုများပေးအပ်ခြင်းဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်တို့တွင် ၂၀၁၇ ခုနှစ်က ကောက်ခံသော စစ်တမ်းများအရ တစ်လလျှင် မသန်စွမ်းတစ်ဦး၏ ပျဉ်းမျှဝင်ငွေသည် ကျပ်တစ်သောင်းခန့်သာရပြီး အခြေခံကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်လမ်းနည်းသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။ 

ခြေတုများကို စစ်တွေ၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် မြောက်ဦးမြို့နယ်တို့မှ မသန်းစွမ်းသူ ၄၈ ဦးကို ပေးအပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူ တစ်သိန်းနှစ်သောင်းခန့် ရှိကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ထံမှ သိရသည်။

R-22



FOLLOW US