News

POST TAGGED AS

အလုပ်သမား

05-Nov-2017 tagged as အလုပ်သမား
လက်ရှိရရှိနေသည့် အနည်းဆုံး အခကြေးငွေ၏ ငါးရာခိုင်နှုန်း သို့မဟုတ် တစ်ဆယ်ရာခိုင်နှုန်း တိုးပေးရန် လုပ်ငန်းရှင်ဘက်က အဆိုပြုကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
04-Nov-2017 tagged as အလုပ်သမား
အလုပ်ရှင်နှင့် အလုပ်သမား အကြားတွင် အနည်းဆုံး အခကြေးငွေ နှုန်းထား အသစ် သတ်မှတ်ရေးကိစ္စသည် အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေကြောင်း အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
30-Oct-2017 tagged as အလုပ်သမား
အနည်းဆုံး အခကြေးငွေ နှုန်းထားသစ်တွင် ကျပ် ၅၆၀ဝ ရရှိရန် အလုပ်သမား အဖွဲ့အစည်း ၁၃ ဖွဲ့က တောင်းဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်းထားသည့် အနည်းဆုံး အခကြေးငွေနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီထံမှသိရသည်။
23-Oct-2017 tagged as အလုပ်သမား
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် ပြောင်းလဲသတ်မှတ်မည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလအစား နိုဝင်ဘာလအတွင်း ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
17-Oct-2017 tagged as အလုပ်သမား
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ်တွင် တစ်ရက် လုပ်အားခ ၆၆၀ဝ ကျပ်နှုန်းဖြစ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စက်မှု ကုန်ထုတ်လုပ်ငန်းခွင်တွင် နှစ်စဉ်လုပ် သား ၂၀ဝ နှင့် ၄၀ဝ ကြား လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုများရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန့်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောကြားသည်။
လှိုင်သာယာ ရွှေသံလွင်၊ စက်မှုဇုန် Mynmar Solamoda အထည်ချုပ်စက်ရုံ အလုပ်သမားများက အမှုပိတ်သိမ်းရန် တောင်းဆိုချက်နှင့်ပတ်သက်၍ နှစ်ဖက်ပြေလည်မှု မရခဲ့ကြောင်း အဆိုပါ စက်ရုံမှ HR မန်နေဂျာ ဦးညီညီနိုင်က ပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် စက်တင်ဘာလ ၁၇ ရက်မှစ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သူငယ်အိမ်မှတ်တမ်း စယူနေပြီဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။
22-Sep-2017 tagged as အလုပ်သမား
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အစိုးရအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဘားအံမြို့နယ် ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ရာ ကရင်ပြည်နယ်အတွက် အနည်းဆုံးလုပ်ခ ၅၂၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်သည်။
ဂျပန်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ထွက်ပြေးပါက အာမခံကြေး အနေနှင့် လုပ်ခလစာ၏ ငါးဆကို လျော်ကြေးအဖြစ် ပေးရန်အတွက် စာချုပ်ချုပ်ဆိုရာတွင် ချုပ်ဆိုခွင့်ပြုရန် ဂျပန်သို့ လုပ်သားပို့ဆောင်သည့် အေဂျင်စီများမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ ယခုရက်ပိုင်းအတွင်း တောင်းဆိုမည် ဖြစ်ကြောင်း အဆိုပါ အေဂျင်စီများထံမှ သိရသည်။