News

POST TAGGED AS

အမှု

05-Feb-2017 tagged as ရန်ကုန် အမှု
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း လေဆိပ်တွင် ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု အပါအဝင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သည့် အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Feb-2017 tagged as အမှု
အသက် ၆ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည်ဟု ဆိုသော အသက် ၃၂ နှစ်အရွယ် အမျိုးသားကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
01-Feb-2017 tagged as အမှု
ဦးအောင်စိုးက သူ့အနေနှင့် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ပြောဆိုမှုများကြောင့် အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်း စိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
17-Sep-2016 tagged as အမှု
ပဲခူးတိုင်းဒေသကြီး ဆွာမြို့နယ် ရဲစခန်း၌ ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁ နာရီကျော်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမျိုးသား နှစ်ဦး အမှုဖွင့် ခံခဲ့ရကြောင်း ဆွာ နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်