News

POST TAGGED AS

အမှိုက်

ရန်ကုန်တိုင်းအတွင်း ဆယ်ရက်ကျော်ကြာ လောင်ကျွမ်းခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမီးကို မေ ၂ ရက်တွင် အပြီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
ဧပြီလ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး အနည်းဆုံး နောက် ၂ ရက်ခန့်အထိ ဆက်လက်ငြှိမ်းသတ်ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice Daily သို့ အတည်ပြုပြောကြားသည်။
သင်္ကြန်ကာလအတွင်းက စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခဲ့သည့် မဏ္ဍပ် ၁၅ ခု ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်တစ်သိန်းစီ ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း ယင်းကော်မတီ သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။
ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ပြည်သူလူထု သိမြင်လာစေရန် ပရဟိတအဖွဲ့များ ပေါင်းစည်းဆောင်ရွက်နေသည့် Clean Yangon Campaign (မြို့တော်သန့်ရှင်းလှပဖို့ အားလုံး ပူးပေါင်းပါဝင်စို့) လှုပ်ရှားမှုအဖြစ် တာမွေမြို့နယ် ကျောက်မြောင်းအနီးတွင် မတ်လ ၁၁ ရက်နေ့ ညနေက အမှိုက်ကောက်ခဲ့ကြသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် သန့်ရှင်းရေးဌာနသုံး အမှိုက်သိမ်းယာဉ်များတွင် ဂျီပီအက်စ်များ တပ်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနှင့် သန့်ရှင်းရေးဌာနသုံး အမှိုက်သိမ်းယာဉ်များတွင် ဂျီပီအက်စ်များ တပ်ဆင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အမရပူရမြို့ တောင်သမန်အင်း (ဦးပိန်) တံတားတွင် ဖေဖော်ဝါရီလ ၆ ရက်က အသင်းအဖွဲ့နှင့် ဒေသခံများအပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအဖြစ် စွန့်ပစ်အမှိုက်များ လျော့ချရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးရုံးခွဲထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်တက်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပုပ္ပါးတောင်ချစ်သူအသင်းက အမှိုက်ကောက်မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
အာရှနိုင်ငံများရှိ ကမ်းခြေများအနက် အလှဆုံး ကမ်းခြေများ စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည့် ငပလီကမ်းခြေကို အမှိုက်ကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်မည်ဖြစ်ကြောင်း ကမ်းခြေခရီးသွား လုပ်ငန်းရှင်များနှင့် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။