News

POST TAGGED AS

အမှုဖွင့်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် သာဂရမြို့ကျေးရွာတစ်ရွာတွင် ဇွန်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲခန့်က ခြင်ထောင်ထဲ၌ အခြားအမျိုးသမီးတစ်ဦးနှင့် ဖက်အိပ်နေသည့် ခင်ပွန်းကို ဇနီးဖြစ်သူက တစ်လင်တစ်မယားစနစ် ဥပဒေနှင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာတွင် မေလ ၃၀ ရက် နေ့လယ်ပိုင်းတွင် ဇနီးက ခင်ပွန်းဖြစ်သူကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း လက်ပံပျားကျေးရွာ နယ်မြေရဲစခန်းထံမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ယနေ့ ဧပြီလ ၂ဝ ရက်တွင် အမှုဖွင့်လိုက်သည်။
ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူ အမျိုးသားနှစ်ဦးမှာ တစ်လကျော်ကြာပျောက်ဆုံးနေပြီး မတ်လ ၉ ရက်က ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အသက် ၂၉ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးနှစ်ဦးကို ပလာတာဝယ်ကျွေးမည်ဟုဆိုကာ မြတ်စောညီနောင်ဘုရားပေါ်သို့ ခေါ်ဆောင်သွားပြီး မဖွယ်မရာပြုလုပ်သည့် အသက် ၇၀ နီးပါးအရွယ်ရှိ အမျိုးသားတစ်ဦးကို ကျောက်တန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၉ ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။