News

POST TAGGED AS

အမျိုးသမီး

နယ်သာလန်နိုင်ငံသားနည်းပြချုပ် ရော်ဂျာရိုင်နာနှင့် လမ်းခွဲထား၍ လစ်လပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်ရာထူးကို ပြည်တွင်းနည်းပြသာ ခန့်မည်ဟု အဖွဲ့ချုပ်ထံမှ သိရသည်။
အိန္ဒိယနိုင်ငံတွင် မိဘများကသမီးထက် သားကိုလိုချင်ကြသောကြောင့် အပစ်ပယ်ခံမိန်းကလေး ၂၁ သန်းမျှရှိနေကြောင်း အစိုးရ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားမှုကို ကိုးကား၍ BBC သတင်းက ရေးသားထားသည်။
အိမ်ထောင်ရှိ အမျိုးသမီးများသည် ကွမ်းယာ (ဆေးရွက်ကြီး) စားသုံးမှုကြောင့် ၎င်းတို့၏ကိုယ်ဝန်နှင့် မွေးကင်းစကလေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်က ဆေးသုသေသနသို့တင်သွင်းသည့် စာတမ်းများအရ သိရသည်။
မာရှာဒရိုကိုဗာသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ သူက ယခင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။ ယခုတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘဝကို အသွင်ပြောင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဆီလီကွန်တောင်ကြားဟုခေါ်သော နည်းပညာရပ်ဝန်းကြီးကို ရောက်လာပြီး ၂၀၁၈ ခုနှစ်ဦးပိုင်းကတည်းက ဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲက အမျိုးသမီးနှစ်ဦးကို ဓားမဖြင့်ခုတ်၊ တုတ်နှင့်ရိုက်နှက်သော အမျိုးသားတစ်ဦးကို Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အငှားယာဉ်မောင်းသူ မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ ပတ္တမြားလမ်းရှိ တန်းလျားတွဲ အဆောက်အအုံမှ အခန်းတစ်ခန်းတွင် ၎င်း၏ဇနီးနှင့်အတူ ငှားရမ်းနေထိုင်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက ၎င်းအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ခရီးသည် အမျိုးသမီးကို ၎င်း နေအိမ်နှင့် မလှမ်းမကမ်းရှိ ငမိုးရိပ်ချောင်းကမ်းစပ်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း ဒေသခံအမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားများ၏ မယားအဖြစ် ရောင်းစားရန် စီစဉ်နေသူ အမျိုးသမီး သုံးဦးကို ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်ကဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အမျိုးသမီးများဘဝ အခွင့်အရေးဆုံးရှုံးနေမှုမှာ အိန္ဒိယတစ်နိုင်ငံတည်းမဟုတ်။ ကွန်ဂိုသမ္မတနိုင်ငံတွင် အမျိုးသမီးပေါင်း ၄ သိန်းကျော်မှာ နှစ်စဉ် မုဒိမ်းကျင့်ခြင်းခံနေကြရသည်။ ဆိုမာလီနှင့် ကွန်ဂိုတို့တွင် လူလားမြောက်လာသည့် အမျိုးသမီးတိုင်းကို မအင်္ဂါ ဖြတ်တောက်ပြုပြင်ခြင်းများကို ယနေ့တိုင် ပြုလုပ်နေသေးသည်။ အိန္ဒိယနိုင်ငံတွင် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ပေးခြင်းခံနေရသည့် အမျိုးသမီးများမှာ ၄၅ ရာခိုင်နှုန်းခန့်ရှိကြောင်း International Centre for Research on Women (2010) အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅) အတွက် ဘွဲ့အမျိုးအစား ၅ မျိုးကို ထပ်တိုးခေါ်ယူနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ငမိုးရိပ်ချောင်းကမ်းစပ်တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် FDA ဝန်ထမ်း မရွှေရည်ဝင်း (ခ) ရွှေရည်ကို သတ်ခဲ့သူဟုဆိုသော အမျိုးသားတစ်ဦးကို ယနေ့ (ဇန်နဝါရီလ ၂၄ ရက်)​မွန်းလွဲပိုင်းက မင်္ဂလာဈေးဝင်းတွင် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရှိရသည်။