News

POST TAGGED AS

အမျိုးသမီး

04-Apr-2018

အမျိုးသမီး
အမျိုးသမီးတစ်ဦးက အွန်လိုင်းဗီဒီယိုဝက်ဘ်ဆိုက် Youtube ရုံးချုပ်တွင်း ဝင်ရောက်ပစ်ခတ်

ဝါရှင်တန်ဒီစီ၊ ဧပြီ ၎

အမျိုးသမီးတစ်ဦးသည် မိမိတင်သော ဗီဒီယိုများအပေါ် အွန်လိုင်ဗီဒီယိုဝက်ဘ်ဆိုက် Youtube ၏ ကိုင်တွယ်ပုံကို မကျေနပ်သောကြောင့် ကာလီဖိုးနီးယားပြည်နယ်ရှိ Youtube ရုံးချုပ်အတွင်းသို့ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

တရားခံ၏ အမည်မှာ နာစင်မ်အဂ်ဒမ်ဖြစ်ပြီး အသက် ၃၉ နှစ်အရွယ်ဟု ရဲများက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဝင်ရောက်ပစ်ခတ်ရသည့် ရည်ရွယ်ချက် အတိအကျကို ဆက်လက် စုံစမ် စစ်ဆေးလျက်ရှိသည်။

Youtube မှ အဂ်ဒမ်၏ဗီဒီယိုများကို စိစစ်ကန့်သတ်နေပြီး ထိုဗီဒီယိုများဖြင့် ပိုက်ဆံရှာရသည့် သူ၏ စီးပွားရေးကို ထိခိုက်လာသောကြောင့် အဂ်ဒမ်မှာ မကျေမနပ် ဖြစ်နေခဲ့သည်ဟု အမေရိကန် သတင်းဌာနတစ်ခုက ရေးသားဖော်ပြသည်။

အင်္ဂါနေ့တွင် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တရားခံသည် ကိုယ်တိုင် အဆုံးစီရင်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ် အမျိုးသားမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အခြားအမျိုးသမီးနှစ်ဦးမှာ အသက် ၃၂ နှစ် နှင့် ၂၇ နှစ် အသီးသီး ဖြစ်ကြသည်။

တရားခံနှင့် သေနတ်ပစ်ခံရသူ သုံးဦးတို့ ပတ်သက်ခြင်းလည်း မရှိဟု ကာလီဖိုးနီးယားပြည်နယ် ဆန်ဘရူနို ရဲဌာနကထုတ်ပြန်ခဲ့သည်။

F-06



FOLLOW US