News

POST TAGGED AS

အမျိုးသမီး

လူသေဆုံးသည့် အဓိကရုဏ်းနှင့်ပတ်သက်၍ လူ ၁၂၂ ဦးကို အိန္ဒိယရဲဖမ်းဆီး
လက်ခနောင်၊ ဇန်နဝါရီ ၃၀

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံးခဲ့ရသော အုပ်စုဖွဲ့ အဓိကရုဏ်း ရန်ပွဲကြီးတစ်ခုနှင့်စပ်လျဉ်းပြီး အိန္ဒိယရဲတပ်ဖွဲ့က လူ ၁၁၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း BBC သတင်းက ဖော်ပြထားသည်။

အူတာပရာဒက်ရှ်ပြည်နယ် ကက်စ်ဂန်ဂ်ျပြည်နယ်မှာ အဆိုပါ မတော်တဆမှု ဖြစ်ပွားခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်နှင့် ချီတက်သွားလာပွဲတွင် ဘာသာမတူသော အဖွဲ့နှစ်ဖွဲ့က ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ခဲ့ကြခြင်းဖြစ်သည်။ 

အိန္ဒိယနိုင်ငံ ထူထောင်ခြင်းပွဲတော် ကာလအတွင်းမှာ ယင်းရန်ပွဲကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရန်ပွဲအပြီးနောက် ဈေးဆိုင်များ၊ ယာဉ်များစွာလည်း မီးရှို့ခံလိုက်ရသည်။ 

ယင်းဖြစ်ရပ်များနှင့် ပတ်သက်ပြီး ဟိန္ဒူနှင့် မွတ်ဆလင်အုပ်စုများက အပြန်အလှန်ပြစ်တင်ထားကြသည်။

အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်သော်ငြားလည်း ဒေသတွင်းလုံခြုံရေးကို တင်းကျပ်ထားကြောင်း ရဲအရာရှိတစ်ဦးက အိန္ဒိယပြည်တွင်း သတင်းဌာနများကို ပြောကြားထားသည်။ 

ဒေသတွင်းလုံခြုံရေးကို စောင့်ကြည့်ရန်အတွက် မောင်းသူမဲ့ယာဉ်များဖြင့် ကင်းလှည့်ခြင်းများလည်း ပြုလုပ်နေသည်ဟု ၎င်းတို့က ဆိုသည်။ 

သေဆုံးသူ ဆယ်ကျော်သက်ကောင်လေးမှာ အပြန်အလှန်ပစ်ခတ်ကြသည့် ကျောက်ခဲများ ထိမှန်ပြီးဖြစ်ရခြင်းဖြစ်ကာ မည်သည့်အကြောင်းရင်းကြောင့် ပဋိပက္ခဖြစ်ရခြင်းကို ရှင်းလင်းစွာ မသိရသေးပေ။

ဟိန္ဒူကောင်လေး သေဆုံးပြီးနောက် မွတ်ဆလင်ရပ်ကွက်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု BBC ဟင်ဒီဘာသာ အစီအစဉ်က ဖော်ပြထားသည်။ 

F-02



FOLLOW US