News

POST TAGGED AS

အမျိုးသမီး

အမျိုးသမီးနှစ်ဦးကို ဓားမဖြင့်ခုတ် တုတ်နှင့်ရိုက်သူကို သေနတ်နှင့်ပစ်ဖမ်း
ရန်ကုန်၊ ဇန်န၀ါရီ ၂၈

ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲက အမျိုးသမီးနှစ်ဦးကို ဓားမဖြင့်ခုတ်၊ တုတ်နှင့်ရိုက်နှက်သော အမျိုးသားတစ်ဦးကို Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ဖမ်းခဲ့သူ အသက် ၃၀ နှစ် ငရဲ (ခ) ရန်ကွိုင်းမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့၊ မန်းဘူးကျေးရွာတွင် ကန်လျားရှည်ကျေးရွာရှိ ၎င်း၏ဦးလေး နေအိမ်သို့ အလည်ရောက်ရှိလာသူ ဖြစ်သည်။

“ဒီလူက အိမ်ရှင် အမျိုးသမီးရဲ့ဦးခေါင်းကို တုတ်နဲ့ရိုက်ပြီး ဝင်ဆွဲတဲ့အိမ်ရှင်ရဲ့တူမကိုပါ ဓားမနဲ့ခုတ်တာ။ ပြီးတော့ အုတ်နီခဲနဲ့ ခေါင်းတွေကို ထုရိုက်ခဲ့သေးတယ်။ လာဖမ်းတဲ့ရဲတွေကိုပါ ဓားကိုင် ပြန်တိုက်ခိုက်လို့ ပန့်အက်ရှင် သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတာ။”ဟု ရဲအရာရှိကပြောသည်။

ရဲတပ်ဖွဲ့ဝင်များက Pump Action သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော ငရဲ (ခ) ရန်ကွိုင်းတွင် နဖူး၊ လည်ပင်း၊ နံစောင်းနှင့် ခြေလက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် လက်ခုပ်ကုန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို သေစေရန်ကြံရွယ်ချက်ဖြင့် ပြန်လည်ခုခံ ရန်ပြုသည့် ၎င်းကို ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US