News

POST TAGGED AS

အမျိုးသမီး

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြ ဇန်နဝါရီလဆန်းတွင် ခန့်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ 

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းအတွက် အသစ်ခန့်ထားမည့် ဂျပန်နိုင်ငံသားနည်းပြကို ဇန်နဝါရီလဆန်း ခန့်အပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

ယခင်က မြန်မာ့က်ရွေးစင် အမျိုးသမီးအသင်းကို တာဝန်ယူထားသည့် နယ်သာလန်နိုင်ငံသား နည်းပြချုပ် ရော်ဂျာရိုင်နာနှင့် စာချုပ်သက်တမ်း ထပ်မတိုးတော့ဘဲ လမ်းခွဲခဲ့သည့်အတွက် ဂျပန်နိုင်ငံသား နည်းပြကို အစားထိုးခန့်အပ်ရန် အဖွဲ့ချုပ်က စီစစဉ်နေခြင်းဖြစ်သည်။

“ဂျပန်နိုင်ငံသားနည်းပြကို ခန့်ဖို့ရှိပါတယ်။ ခန့်ဖို့လည်း ပြင်ဆင်နေပါပြီ။ ဇန်နဝါရီလမှာ ခန့်နိုင်ဖို့လျာထားပါတယ်” ဟု အဖွဲ့ချုပ် အထွေထွေတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အနေနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည့် နယ်သာလန်နိုင်ငံသားနည်းပြ ရော်ဂျာနှင့် အောက်တိုဘာလကုန်ကစ၍ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသားများအနေနှင့် မြန်မာအသင်းကို တာဝန်ယူခဲ့ဖူးသောကြောင့် ဂျပန်နိုင်ငံသားနည်းပြကို ထပ်မံခန့်ထားရန် အဖွဲ့ချုပ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိနေသည့်အတွက် ဂျပန်နိုင်ငံသားနည်းပြကို ဇန်နဝါရီလအတွင်း ခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်ကာ လိဂ်ပြိုင်ပွဲမှနေ၍လည်း ကစားသမားများရွေးချယ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနှင့် ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံသားနည်းပြ မစ္စတာကူမာဒါကိုခန့်အပ်ခဲ့ရာ SEA Games ပြိုင်ပွဲနှင့် အာဆီယံချန်ပီယံ ပြိုင်ပွဲများတွင် တတိယဆုရယူပေးနိုင်ခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီး အသင်းနည်းပြဆုကိုလည်း ၂၀၁၄ ခုနှစ်က ရရှိခဲ့သည်။ 

အသက် ၅၃ နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသား နည်းပြရော်ဂျာ ရိုင်နာသည်လည်း မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲပြီးသည်အထိ တာဝန်ယူခဲ့ရာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲတို့တွင် တတိယဆုတို့ ရယူပေးနိုင်ခဲ့သည်။

J-04



FOLLOW US