POST TAGGED AS

အမျိုးသမီး

ဘူးသီးတောင်နှင့်မောင်တော၌ ညမထွက်ရအမိန့် နှစ်လထပ်တိုး
ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက် တိုက်ခိုက်ခံရသော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ဇွန်လလယ်မှစ၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဩဂုတ်လအထိ နှစ်လထပ်မံ တိုးမြှင့်လိုက်ပြီး အများပြည်သူ သွားလာချိန်ကို ဖြေလျှော့ပေးထားကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

“လုံခြုံရေးအရ လိုအပ်လို့ နှစ်လ ထပ်တိုးတာပါ။ အထူးသဖြင့် ညပိုင်းသွားလာချိန် ၁၀ နာရီအထိ ခွင့်ပြုပေးလိုက်တယ်”ဟု ၎င်းကဆိုသည်။

ယခင်ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ရ အများပြည်သူများ၏ အပြင် ထွက်ခွာသွားလာချိန်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ သတ်မှတ်ထားသော်လည်း လက်ရှိ နှစ်လ သက်တမ်းတိုးချိန်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ဖြေလျှော့ပေးခဲ့ကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ သက်တမ်းတိုး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူ သိရှိစေရန် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာ အသိပေးလျက်ရှိကြောင်း အဆိုပါရုံးထံမှ ဆက်လက် သိရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်နယ်စပ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ခန့် အလစ်ငိုက် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး အစိုးရက လုံခြုံရေး တင်းကျပ်ကာ ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ထံမှ သိရသည်။

J-17



FOLLOW US