News

POST TAGGED AS

အမျိုးသမီး

အီရန်နိုင်ငံတွင် အဖမ်းခံရသော ဆယ်ကျော်သက်မိန်းကလေးကို အားပေးသည့်အနေနှင့် အမျိုးသမီးများက ၎င်းတို့ကိုယ်တိုင်၏ အကဗီဒီယိုဖိုင်များကို အွန်လိုင်းတွင်တင်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဆိုးလ်၊ ဇူလိုင် ၈ တော်ကိုရီးယားနိုင်ငံတွင် သူလျှိုကင်မရာများဝှက်ကာရိုက်ကူးထားသည့် လိင်အသားပေး အပြာဗီဒီယိုကားများ ရေပန်းစားပျံ့နှံ့နေခြင်းကိုတိုက်ဖျက်ပေးရန် အမျိုးသမီးများကလမ်းမပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း DW သတင်းဌာနကရေးသားဖော်ပြသည်။
03-Jul-2018 tagged as အမျိုးသမီး
မန္တလေးမြို့တော်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း၏ လေ့ကျင့်ရေးကွင်းအတွင်း၌ အသက် ၂၉ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးက လူငယ်ဘောလုံးသမားများကို လေ့ကျင့်ပေးနေသည်။ သူ့အမည်က မြဖူးငုံ။
ဘရစ်ဆာဒီအန်ဂူလိုသည် ဘိုလီးဗီးယားတွင် နေထိုင်ကြီးပြင်းခဲ့ပြီး ပျော်ရွှင်စရာကောင်းသော ငယ်ဘဝကိုရရှိခဲ့သည်။ သို့သော် ယင်းငယ်ဘဝ ပျော်စရာအချိန်များသည် အသက် ၁၅ နှစ်အရွယ်တွင် ပြီးဆုံးသွားခဲ့၏။ သူမတို့ ဆွေမျိုးနီးစပ်ထဲက ဩဇာညောင်း သူကြီးတစ်ဦး၏ အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်စော်ကားခြင်းကိုခံစားခဲ့ရသည်။ တခြားမိသားစုဝင်တွေကို ထိခိုက်စေမည်ဆိုသော ထိုသူ၏ ခြိမ်း ခြောက်မှုကြောင့် သူပါးစပ်ပိတ်နေခဲ့ရသည်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် စိတ်ကျဝေဒနာရသည်။ ကျောင်းမှ ထွက်လိုက်ရသည်။ စားသောက်နေထိုင်မှုဆိုင်ရာ မူမမှန်သည့်ဝေဒနာရသည်။ သေကြောင်းကြံစည်ဖို့ အကြိမ်ကြိမ်ကြိုးစားမိခဲ့သည်။
မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာ၊ လေးအိမ်စုပိုင်းတွင် ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီခွဲက အလုပ်ရှာရန် အပြင်သွားသည့် ခင်ပွန်းဖြစ်သူ၏ နောက်သို့ အတူမလိုက်ရသဖြင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး မိမိကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စုရှိ အုတ်ဖိုကျေးရွာတွင် နေထိုင်သော အိမ်အကူအမျိုးသမီးတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ဇွန်လ ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ပိုင်းခရိုင်တရားရုံးတွင် ဥပဒေအရာရှိအမျိုးသမီးကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မန္တလေးတိုင်း ထုံးဘိုနှင့် မွန်ပြည်နယ် မုပ္ပလင်ရှိ အမျိုးသမီးကျောက်ထုတ် စခန်းများကို ပိတ်သိမ်းရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အကြံပြု တိုက်တွန်းလိုက်သည်။
လှိုင်သာယာမြို့နယ်၊ အလယ်ရွာမြေတိုင်း (၂၂)၊ စိန်ရတနာလမ်းရှိ မြေကွက်လပ်တစ်ခုတွင် မေလ ၂၇ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်က အရက်သေစာသောက်စားထားသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကန်စွန်းရွက်ဆင်းခူရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဆော်ဒီအာရေဗီးယားနိုင်ငံတွင် အမျိုးသမီးအရေးလှုပ်ရှားသူများကို သစ္စာဖောက်များအဖြစ်စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းကြောင့် ဆော်ဒီအစိုးရ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက မေးခွန်းထုတ်လိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မန္တလေးမြို့တော်ရှိ ဆာကူရာဟိုတယ်၌ မေလ ၁၉ ရက်နေ့က အမျိုးသမီးကဏ္ဍဖွံ့ ဖြိုးဖို့လုံခြုံဝန်းကျင်ဖန်တီးစို့ အမည်ရှိ အမျိုးသမီးများနှင့်သက်ဆိုင်သည့် ပြည်သူ့စကားဝိုင်းကို ပထမဆုံးအကြိမ်ကျင်းပခဲ့သည်။