News

POST TAGGED AS

အမ်းမြို့

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု ရှောက်ခြုံကျေးရွာအနီး တောထဲတွင် မေလ ၁၇ ရက် မနက်ပိုင်းက ဘင်္ဂါလီ ၂၅ ဦးကိုဖမ်းမိကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။
အမ်းမြို့နယ်တွင် CNPC ကုမ္ပဏီ နှင့် MOGE တို့ကို ကျိန်စာတိုက်သည့်အဖွဲ့မှ ဦးဆောင်သူလေးဦးကို အမ်းမြို့နယ်ရဲစခန်းနှင့် တပ်တောင်မြို့ရဲစခန်းတို့တွင် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း အမ်းမြို့နယ်ရဲစခန်းမှ သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့၌ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့သော မြေယာများအတွက် လျော်ကြေးငွေ အပြည့်အဝမရှိဟုဆိုကာ တောင်သူ ၇၀၀ ခန့်က မတ်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
အမ်းမြို့နယ်တွင် မတ်လဆန်းက ရခိုင့်အားမာန် ခရီးသည်တင်ယာဉ် ချောက်ထဲကျ တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၅ ဦးနှင့် အတွင်းလူနာ ၁၁ ဦးအတွက် မတ်လ ၉ ရက်က အာမခံ လျော်ကြေးပေးခဲ့ကြောင်း ရခိုင်အားမာန်ယာဉ်ဂိတ်ပိုင်ရှင် ဦးကျော်ဌေးက ပြောသည်။