News

POST TAGGED AS

အမှိုက်ပုံ

မြဝတီ၌ တပ်မတော်နှင့် နယ်ခြားစောင့်အဖွဲ့တို့ တင်းမာမှုအချို့ဖြစ်​ပေါ်ပြီးနောက် လိုင်စင်မဲ့ကား ၁၀၀ ကျော်အပ်
ဘားအံ၊ မတ်​ ၂၇

မြဝတီမြို့ အမှတ် ၅ ရပ်ကွက် သောင်းရင်းမြစ်အနီးက တပ်နယ် ၃ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ်နေရာသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လိုင်စင်မဲ့ယာဉ်များ စစ်ဆေးရန် လာရောက်သည်ကို ဂိတ်ဝင်းအတွင်းသို့ ဝင်ခွင့်မပြုရာမှ စစ်ရေးတင်းမာမှုအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် BGF ဘက်က လိုင်စင်မဲ့ကား ၁၀၀ ကျော်ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ သိရသည်။

ယင်းစစ်ဆေးမှုကို မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ဝင်ရောက်လာသဖြင့် ယင်းသို့ဖြစ်ရခြင်းဖြစ်ပြီး မတ်လ ၂၅ ရက်နေ့၌ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်မှ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှူးအဖွဲ့နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၃) တာဝန်ရှိသူ ဗိုလ်မှူးကြီး စောချစ်သူအဖွဲ့တို့ သင်္ဃန်းညီနောင် တပ်နယ် ၃၅၇ တပ်ရင်းဝင်းအတွင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး နောက်ပိုင်း ထိုသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်သည်။

“သူတို့တွေ ဂိတ်ဝမှာ စစ်ကားတွေ၊ စစ်သားတွေရပ်ပြီးတော့ ဂိတ်ကိုဝိုင်းတဲ့ သဘောမျိုးဖြစ်​ခဲ့တာပါ။ ရုတ်တရက် အလုံးအရင်းနဲ့ ရောက်လာတော့ အထင်အမြင် လွဲမှားတာတွေဖြစ်ခဲ့တယ်။ ဂိတ်ဝင်းထဲက ကား၊ ကုန်သည်တွေရဲ့ ကားတွေကိုတော့ တပ်မတော်ဘက်ကို အပ်ပေးလိုက်တယ်”ဟု နယ်ခြားစောင့်တပ် (BGF) ဗိုလ်ကြီးစောဇော်လင်းက ပြောကြားသည်။

လတ်တလော အပြန်အလှန် အသင့်အနေအထား စောင့်ကြည့်နေကြပြီး လက်ရှိမြဝတီမြို့ပေါ်၌ စက်သုံးဆီဆိုင်များစွာ တည်ရှိလာပြီဖြစ်သည့်အတွက် ၂၀၁၀ ခုနှစ်ကကဲ့သို့ မြဝတီမြို့ပေါ်၌ တိုက်ပွဲများ မဖြစ်စေလိုကြောင်း မြဝတီမြို့​မှ ဒေသခံတစ်ဦးက ပြောဆိုသည်​။ 
 
R-17



FOLLOW US