News

POST TAGGED AS

အနိမ့်ဆုံးလုပ်ခ

အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ် မပေးသော စက်ရုံများရှိနေပြီး အနည်းဆုံး လုပ်ခလစာ လေ့လာစောင့်ကြည့်ကူညီပေးရေး ကော်မတီသို့ တိုင်ကြားလာသော အမှု ၂၅ မှုရှိကာ ထိုအမှုများထဲမှ စက်ရုံ ၁၂ ရုံကို အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားထားကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
လွန်ခဲ့သည် ၂ နှစ်က သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ်ကို လှိုင်သာယာမြို့နယ်ရှိ စက်ရုံနှစ်ရုံမှ လုပ်သားများ ခံစားခွင့်မရသေးသောကြောင့် မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့မှ အထွေထွေအတွင်းရေးမှူး မခိုင်ဇာအောင်က ပြောကြားသည်။
တစ်နိုင်ငံလုံးအကျုံးဝင်မည့် အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်သည့် အတည်ပြုကြေညာချက် မေလ တတိယအပတ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။