News

POST TAGGED AS

အနည်းဆုံးအခကြေးငွေ

မကြာမီသတ်မှတ်မည့် အနည်းဆုံး အခကြေးငွေနှင့်ပတ်သက်၍ သတ်မှတ်သည့်အတိုင်းမရလျှင် တိုင်ကြားနိုင်သည့် အနည်းဆုံး လုပ်ခလစာဆိုင်ရာ စောင့်ကြည့် အကူအညီပေးရေးကော်မတီ(ရန်ကုန်)ကို မတ်လ ၂၅ ရက်က ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။
အနည်းဆုံးအခကြေးငွေ နှုန်းထားအသစ် ၄၈၀၀ ကျပ် သတ်မှတ်အပြီး ဖြစ်ပေါ်လာမည့် အလုပ်ရှင် အလုပ်သမား ပြဿနာ အကျိုးဆက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စောင့်ကြည့် ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
တစ်ရက်လုပ်အားခအနည်းဆုံး သတ်မှတ်ချက်ကို ယခင် ၃,၆၀၀ ကျပ် သတ်မှတ်ထားရာမှ ယခု ၄,၈၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မတ်လ ၅ ရက်နေ့ အစည်းအဝေး အပြီးတွင် ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် သတ်မှတ်ရေးအတွက် အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ၏ နောက်ဆုံးအစည်းအဝေးကို မတ်လ ၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် ဦးဇော်အေးမောင်က ပြောကြားသည်။