News

POST TAGGED AS

အဓိပတိ

25-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီအဓိပတိအင်ဂလာ မာကယ်လ်၏ စတုတ္ထသက်တမ်း၊ ပထမဆုံးအဓိက မိန့်ခွန်းကို ပြောကြားခဲ့ရာတွင် ရွှေ့ပြောင်းအခြေချမှု ကိစ္စနှင့်ပတ်သက်၍ ညီညွတ်ရေးလေသံ လွှမ်းနေခဲ့သလို အစ္စလာမ်ဘာသာနှင့်ပတ်သက်၍လည်း အားလုံး ဂျာမနီပြည်သူများသာ ဖြစ်သည်ဆိုသော သတင်းစကားမျိုး ပြောကြားသွားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
06-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီတွင် ညွှန့်ပေါင်းအစိုးရဖွဲ့ရေးအတွက် ဆိုရှယ်ဒီမိုကရက် SPD ပါတီအတွင်း မဲခွဲရာတွင် သဘောတူထောက်ခံမှု ရရှိခဲ့သောကြောင့် အဓိပတိ မာကယ်လ်သည် စတုတ္ထမြောက်သက်တမ်းကို တာဝန်ယူတော့မည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
05-Mar-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ် ပါတီ (SPD) ပါတီဝင်များက အဓိပတိမာကယ်လ်၏ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ (CDU/CSU) နှင့် ညွန့်ပေါင်းဖွဲ့ရန် မဲခွဲအတည်ပြုလိုက်ခြင်းကြောင့် လနှင့်ချီ ကြာမြင့်သည့် နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေ အဆုံးသတ်သွားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
28-Feb-2018 tagged as ဂျာမနီ အဓိပတိ
အဓိပတိမာကယ်လ်၏ CDU ပါတီသည် ဆိုရှယ်ဒီမိုကရက်များနှင့် လက်တွဲ၍ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရန် မီးစိမ်းပြလိုက်ပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
ဂျာမန် ဆိုရှယ်ဒီမိုကရက်ပါတီ SPD ခေါင်းဆောင် မာတင်ရှုလ်ဇ်သည် အဓိပတိမာကယ်လ်၏ ကွန်ဆာဗေးတစ်အစုနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ပြီးနောက် ပါတီအပေါ် ရိုက်ခတ်လာသည့် မငြိမ်သက်မှုများ အဆုံးသတ်စေရန် အင်္ဂါနေ့က နုတ်ထွက်ပေးလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
13-Feb-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမန်ညွန့်ပေါင်းအစိုးရအဖွဲ့၏ ဝန်ကြီးအဆင့် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ရန် ဂျာမနီအဓိပတိ အင်ဂျလာမာကယ်လ်က ၎င်း၏ပါတီမှ အသက်အရွယ်ငယ်သူ ပါတီဝင်များကို တိုက်တွန်းပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
12-Feb-2018 tagged as ဂျာမနီ အဓိပတိ
ဂျာမနီအဓိပတိ မာကယ်လ်၏ ကွန်ဆာဗေးတစ်ဝါဒီ ခရစ်ယာန်ဒီမိုကရက်တစ် ယူနီယံ (CDU) နှင့် ဆိုရှယ်ဒီမိုကရက် (SPU) တို့အကြား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သဘောတူညီချက်တွင် ပါဝင်သော စီမံကိန်းအချို့ကို ပိတ်ဆို့ဟန့်တားသွားမည်ဖြစ်ကြောင်း မာကယ်လ်၏ပါတီတွင်းမှ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အင်အားစုများက ဖေဖော်ဝါရီလ ၁၀ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ညွန့်ပေါင်းအစိုးရသစ် မပေါ်ထွက်လာမီကပင် နှစ်ပါတီအကြား တင်းမာမှုမြင့်တက်လာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။