News

POST TAGGED AS

အဓမ္မပြုကျင့်

21-Dec-2017 tagged as အဓမ္မပြုကျင့်
ဧရာဝတီတိုင်း အမာမြို့နယ် တယ်ပင်ဆိပ် ကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် ၁၄နှစ်အရွယ် မိန်းကလေးကို ကျေးရွာရှိ လေးကျွန်းမာန်အောင် ဘုန်းတော်ကြီးကျောင်းမှ အသက် ၅၄ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်က အဓမ္မကျင့်ကာ ခိုးယူပေါင်းသင်းရန် ကြံစည်သဖြင့် လူဝတ်လဲကာ ဖမ်းဆီးအရေးယူထားကြောင်း အမာနယ်မြေ ရဲစခန်းထံမှ သိရသည်။
21-Dec-2017 tagged as အဓမ္မပြုကျင့်
သာကေတမြို့နယ်၊ ၁ဝ/မြောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အိမ်အကူ အလုပ်လုပ်ကိုင်နေသော အသက် ၂၂ နှစ်အရွယ် အမျိုးသမီးကို အိမ်ရှင်၏ သားဖြစ်သူ ဆရာဝန်က အဓမ္မပြုကျင့်မှုဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ယင်းဆရာဝန်ကို သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူကို မူးယစ်စေသော အချိုရည်တိုက်ကာ တည်းခိုခန်းသို့ ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့သည်ဟုဆိုသော အသက် ၂၂ နှစ်အရွယ် သန်းကိုကိုမောင်ကို အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ်ကျခံစေရန် ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် အမိန့်ချခဲ့သည်။
10-Dec-2017 tagged as အဓမ္မပြုကျင့်
သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်ရှိ မြခွာညို အိမ်ရာဝင်းတွင် အိမ်အကူ အမျိုးသမီးကို သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သည်ဆိုသော ကိုရီးယားနိုင်ငံသား အသက် ၅၉ နှစ် အမျိုးသားကို ဒီဇင်ဘာလ ၈ ရက်နေ့က သာကေတ နယ်မြေရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လမ်းလျှောက် ထွက်လာသည့် အသက် ၈၉ နှစ်အရွယ် အဘွားအိုကို ဘုရားလိုက်ပို့ပေးမည်ဟုဆိုကာ ဆိုက်ကားသမားတစ်ဦးက ကိုင်းတောထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
29-Oct-2017 tagged as အဓမ္မပြုကျင့်
တရုတ်နိုင်ငံ ကူမင်းမြို့မှ လာရောက်ပြီး ငါးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူ အသက် ၄၈ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးက အသက် ၃၁ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးကို ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယား ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးကို တအာင်း ပလောင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) အဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း နှစ်လုံးကို ယူဆောင်သွားကြောင်း ကျောက်မဲခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၁၅ နှစ်ကျော် မိန်းကလေးငယ်ကို ခေါ်ယူပြီး လက်ထပ်မည်ဟုဆိုကာ အဓမ္မ ပြုကျင့်သည်ဆိုသော ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
09-Oct-2017 tagged as အဓမ္မပြုကျင့်
လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်သို့ ရောက်ရှိလာသော အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့်သူကို အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Aug-2017 tagged as အဓမ္မပြုကျင့်
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာအုပ်စု ကျွန်းစည်ကျေးရွာတွင် စတုတ္ထတန်း ကျောင်းသူတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဘချစ်က ပြောကြားသည်။