News

POST TAGGED AS

အဓမ္မပြုကျင့်

မန္တလေးမဟာမုနိဘုရားကြီး သင်္ကန်းကပ်လှူမှု စိစစ်မည်


မန္တလေး၊ ဩဂုတ် ၂၅ 

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ညရုံသင်္ကန်းလှူဒါန်းရာတွင် ကြော်ငြာသဘောမဖြစ်စေရန် စိစစ်မည်ဖြစ်ကြောင်း မဟာမုနိဘုရားရေတော်ဆရာတော် ဦးဥက္ကဋ္ဌက မိန့်ကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မဟာမုနိဘုရားကြီးကို ညရုံသင်္ကန်းလှူဒါန်းရာတွင် ကြော်ငြာဆန်သည့် သင်္ကန်းလှူဒါန်းခဲ့မှုနှင့်ပတ်သက်၍ ဆရာတော်က မိန့်ကြားခြင်းဖြစ်သည်။

“ကြော်ငြာသဘောမျိုး သက်ရောက်တဲ့ကုမ္ပဏီတွေလာရင် စိစစ်ပြီးမှလက်ခံရတော့မယ်။ စီးပွားရေး သဘောသက်ရောက်တာတွေ ပြောစရာမဖြစ်အောင် ဘုန်းကြီးတို့အနေနဲ့ စိစစ်ပြီးတော့မှ လက်ခံမယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ညက ကုမ္ပဏီတစ်ခုမှ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ညသင်္ကန်းလှူဒါန်းရာတွင် ကုမ္ပဏီနှင့်လုပ်ငန်းအမည်များ သင်္ကန်းပေါ်တွင် ထည့်သွင်းရေးသားခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

“စီးပွားရေးသမားက Ethic ရှိတဲ့ လုပ်ရပ်လား၊ မရှိတဲ့လုပ်ရပ်လားဆိုတာ သိပ်ကြည့်တာ မဟုတ်ဘူး။ ဘုရားဂေါပကတွေအနေနဲ့ ဒါမျိုးလက်မခံသင့်ဘူး”ဟု မန္တလေးမြို့သို့ အလုပ်ကိစ္စဖြင့်ရောက်ရှိနေသော ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ မဟာမုနိရုပ်ပွားတော်ကြီး၌ ညရုံသင်္ကန်းလှူဒါန်းသူများ နေ့စဉ်အလှူရှင်များရှိရာ ရာသက်ပန်လှူဒါန်းမှုများ၊ နှစ်စဉ်လှူဒါန်းမှုများ၊ လစဉ်လှူဒါန်းမှုများရှိကြောင်း၊ ပြည်ပနိုင်ငံများမှ လှူဒါန်းမှုများလည်းရှိကြောင်း မဟာမုနိဘုရားရေတော်ဆရာတော် သီတင်းသုံးသည့် သဲကုန်းကျောင်းရှိ လှူဒါန်းမှုစာရင်းများအရ သိရသည်။ 

M-05




FOLLOW US