News

POST TAGGED AS

အဓမ္မပြုကျင့်

စားပွဲထိုးဝန်ထမ်း အမျိုးသားကို စားသောက်ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့်မှု စတင်စစ်ဆေး
ရန်ကုန်၊ မေ ၁၆

စားပွဲထိုးဝန်ထမ်း အမျိုးသားတစ်ဦးကို ဓမ္မတာနှင့် ဆန့်ကျင်ပြီး ကာမဆက်ဆံမှုဖြင့် တရားစွဲဆိုခံရသည့် မယ့်လိမ့်လုံဆိုင်ပိုင်ရှင်၏ အမှုမှ တရားလိုဖြစ်သူကို မေလ ၁၆ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

“ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စားပွဲထိုးဝန်ထမ်းကို နှစ်ဖက်ရှေ့နေတွေက အပြန်အလှန် စစ်ဆေးမေးမြန်းပြီး လာမယ့်ရုံးချိန်းကိုတော့ မေလ ၃၀ ရက်နေ့ ပြန်ချိန်းဆိုထားတယ်”ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့် တရားစွဲဆိုခံရသူ မယ့်လိမ့်လုံဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်မှာ ၎င်း၏ ဆိုင်မှ စားပွဲထိုးဝန်ထမ်း အမျိုးသားကို ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံခဲ့ကြောင်း ကျူးလွန်ခံရသူကိုယ်တိုင်က မတ်လ ၉ ရက်နေ့က တောင်ဥက္ကလာပမြို့မ ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့သည်။

“ကျွန်မရဲ့ အမှုသည် အပြစ်မရှိကြောင်းကို ခုခံချေပသွားမယ်။ တရားလို စစ်မယ်။ လိုပြသက်သေတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးပြီးပြီဆိုရင် ပီပြင်လာမယ်ပေါ့။ ပီပြင်လာတယ် ဆိုတာက သူတို့ဘက်က တကယ်ပဲ နစ်နာခဲ့တာလား၊ တကယ်ပဲခံခဲ့ရတယ် ဆိုရင်တော့ နစ်နာတဲ့အတိုင်းပဲ ပေါ်လာမှာပေါ့”ဟု တရားစွဲဆိုခံရသူဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။

အဆိုပါ အမှုကို ဧပြီလ ၆ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့ပြီးနောက် စားသောက်ဆိုင်ပိုင်ရှင်က ခုခံအားကျဆင်းသည့်ရောဂါ ခံစားနေရသူဖြစ်သောကြောင့် ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US