News

POST TAGGED AS

အဓမ္မပြုကျင့်

အဆိုတော်အစ္စဏီကို လာမည့်အပတ်တွင် ရုံးထုတ်ချုပ်ရမန် ယူမည်
ရန်ကုန်၊ ဧပြီ ၂၁

မော်ဒယ်လ်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားသည့် အဆိုတော်အစ္စဏီကို ယခုလာမည့် ရက်သတ္တပတ်တွင် ရုံးထုတ် ချုပ်ရမန်ယူမည်ဖြစ်ကြောင်း တရားလိုဘက်မှအမှုကို လိုက်ပါဆောင်ရွက်ပေးမည့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့ထံမှ သိရသည်။

“လာမယ့် ဧပြီလ ၂၆ ရက်နေ့လောက်မှာ ရုံးထုတ်ဖြစ်မယ်ထင်တယ်။ အသေးစိတ်တော့ သေချာမသိရသေးဘူး။ ကျွန်တော်တို့အဖွဲ့က တရားလိုဘက်ကနေ အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါအမှုဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် နံနက် ၂ နာရီဝန်းကျင်က အသက် ၂၇ နှစ် မော်ဒယ်လ်အမျိုးသမီးမှာ ၎င်း၏ သူငယ်ချင်းများနှင့်အတူ ဆယ်လီဘားတစ်ခုတွင် ရှိနေစဉ် ရည်းစားဟောင်းဖြစ်သူ အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားသို့ရောက်ရှိလာပြီး ပြဿနာရှာနေသောကြောင့် မော်ဒယ်လ်အမျိုးသမီးမှာ တာမွေမြို့နယ်ရှိ ၎င်း၏နေအိမ်သို့ ကားငှားပြန်လာစဉ် အဆိုတော်အစ္စဏီက ယင်းအငှားယာဉ်နှင့်အတူ လိုက်ပါလာခဲ့ကြောင်း၊ ယင်းနောက် နေအိမ်သို့ရောက်ရှိချိန် အစ္စဏီက မော်ဒယ်လ်အမျိုးသမီးကို ရိုက်နှက်ခြင်း၊ ဦးခေါင်းကို နံရံဖြင့်ဆောင့်ခြင်း၊ လက်သည်းခွံများကို လှန်ချိုးခြင်း ပြုလုပ်၍ အဓမ္မ နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ မော်ဒယ်အမျိုးသမီးက တရားလိုပြု အမှုဖွင့်တိုင်ကြားလာသဖြင့် တာမွေမြို့မရဲစခန်းက အဆိုတော်အစ္စဏီကို ဖမ်းဆီး၍ (ပ) ၃၆၂/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၂၅/၃၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US