News

POST TAGGED AS

အထူးစီးပွားရေးဇုန်

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေး အများပိုင်ကုမ္ပဏီ (MTSH) က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိမ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် တင်ဒါလျှောက်တင်သည့် ကုမ္ပဏီ မရှိသောကြောင့် ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်ကို အရင်ဆုံးအကောင် အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါစီမံ ခန့်ခွဲမှု ကော်မတီထံမှ သိရသည်