News

POST TAGGED AS

အတိုင်ပင်ခံပုဂ္ဂိုလ်

ရိုက်တာသတင်းထောက်နှစ်ဦးအမှု သတင်းစာဆရာနှစ်ဦး တရားရုံးတွင်ထွက်ဆို

ရန်ကုန်၊ ဩဂုတ် ၆

နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦးအမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၆ ရက်ရုံးချိန်း၌ သတင်းစာဆရာနှစ်ဦးက ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အဆိုပါရုံးချိန်းတွင် ရန်ကုန် သတင်းစာပညာသင်တန်းကျောင်း (YJS) ဒါရိုက်တာဖြစ်ပြီး သတင်းစာဆရာလည်းဖြစ်သူ ဦးရဲနိုင်မိုးနှင့် ကိုဝလုံး၏သူငယ်ချင်းဖြစ်သူ ပရဟိတလုပ်ငန်းလုပ်ကိုင်ပြီး The Voice Daily ၏ နိုင်ငံတကာ သတင်း အယ်ဒီတာ ကိုသန့်ဇင်စိုးတို့ကို သက်သေအဖြစ် စစ်ဆေးခဲ့သည်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အရာအားလုံး အဆင်ပြေ ကောင်းမွန်နေတာကို ပြောဖို့ ကျွန်တော်တို့တာဝန် မဟုတ်ဘူး။ တကယ်စစ်မှန်တဲ့ သတင်းစာဆရာ ဆိုတာက လူ့အဖွဲ့အစည်း မှားယွင်းနေတာတွေ၊ ပြဿနာတွေကို မီးမောင်းထိုးပြဖို့ ကျွန်တော်တို့ တာဝန်ဆိုတာကို မီဒီယာအခန်းကဏ္ဍကို ထွက်ဆိုတယ်။ ဒီစာရွက်စာတမ်းနဲ့ပတ်သက်ပြီး အသေးစိတ်တွေကို အမှုမှာ တိုက်ရိုက်မပတ်သက်တော့ မသိဘူး”ဟု ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်း (YJS) ဒါရိုက်တာ ဦးရဲနိုင်မိုးက မီဒီယာသမားများကို ပြောကြားသည်။

ရုံးချိန်းတွင် ကိုဝလုံးနှင့် ကျော်စိုးဦးသည် ရန်ကုန်သတင်းစာဆရာကျောင်းတွင် ထူးချွန်သည့်ကျောင်းသားများဖြစ်ပြီး သတင်းပညာ တစိုက်မတ်မတ် လေ့လာကြောင်းနှင့် လူထုအကျိုးပြုဆောင်းပါးများ ရေးသားရာမှ ဆုများရရှိခဲ့ကြောင်း၊ 
မီဒီယာကျင့်ဝတ်ချိုးဖောက်မှုကြောင့် အရေးယူခံရခြင်း တစ်ကြိမ်တစ်ခါမှ မရှိခဲ့ကြောင်း ဦးရဲနိုင်မိုးက ထွက်ဆိုခဲ့သည်။

“နိုင်ငံတော်လျှို့ဝှက်ချက်ကိုစောင့် ထိန်းရမှာလူတိုင်းမှာတာဝန်ရှိတယ်။ လက်ခံတယ်။ နိုင်ငံတကာမှာလည်း ဒီဥပဒေတွေရှိကြပါတယ်။ ဒါပေမဲ့ အဲဥပဒေကို အသုံးများကြတဲ့ နိုင်ငံတွေမှာက ကိုယ့်အမှား လုပ်ထားတာကို တစ်ယောက်ယောက်က ဖော်မှာစိုးရင် ဒါနိုင်ငံတော်လျှို့ဝှက်ချက်ကို ထိပါးတာပဲဆိုပြီး လုံးထွေးပြီး ဖော်ပြတဲ့အချက်ပေါ့။ အဲဒါနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အပြစ်တင်ခံရမှာကို စိုးရိမ်တယ်”ဟု ၎င်းက ပြောကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦး အမှုအတွက် အပြီးသတ်နှစ်ဖက် လျှောက်လဲချက် ဩဂုတ် ၂၀ ရက်တွင် ပေးရမည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

J-18



FOLLOW US