News

POST TAGGED AS

အတိုင်ပင်ခံပုဂ္ဂိုလ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ ဩဂုတ်လ ၁၉ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ တတိယပတ်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ရေး သက်မွေးပညာကျောင်းများကို အစိုးရအနေနှင့် ဦးစားပေး လုပ်ဆောင်နေသကဲ့သို့ မိဘများအနေနှင့်လည်း သား၊ သမီးများကို သက်မွေး ပညာသင်ယူရေးတွန်အားပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးစကားဝိုင်း အစီအစဉ်ကိုဖျက်၍ ကရင်ပြည်နယ်အတွင်းရှိ ရေဘေးဒုက္ခသည်များကို ဇူလိုင် ၂၆ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။
မန္တလေးမြို့တော်တွင်ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ထည့်သွင်းစီစဉ်ထားသော စာပေစကားဝိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကို ရွေးချယ်ပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။
မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာကို ဖက်တွယ်နေရုံဖြင့် လူ့အသိုင်းအဝိုင်းအတွက် များစွာအကျိုးပြုမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇူလိုင်လ ၃ ရက်က ကျင်းပသော မြန်မာအမျိုးသမီးများနေ့၌ ပြောကြားသည်။