News

POST TAGGED AS

အဆုံးစီရင်

အကြွေးပြန်မဆပ်နိုင်သည့်အမျိုးသား သေတမ်းစာရေးပြီး အဆုံးစီရင်
ရန်ကုန်၊ ဩဂုတ် ၁၁

လှိုင်မြို့နယ် (၁၁) ရပ်ကွက်၊ ပြည်လမ်းဘေးရှိ နေအိမ်တစ်အိမ်တွင် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ချေးယူထားသည့် အကြွေးငွေများ ပြန်မဆပ်နိုင်သဖြင့် သေတမ်းစာရေးပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

လက်ဖျံ၊ တံတောင်ဆစ်အောက်နှင့် ခြေချင်းဝတ်နေရာများကို ဓားဖြင့်လှီး၍ အဆုံးစီရင်ခဲ့သော ရုမ်းတရုတ်လူမျိုး အသက် ၆၈ နှစ် ဦးမောင်မောင်အေး (ခ) ဦးလောပေါင်၏ သေဆုံးနေသော ရုပ်အလောင်းကို ဩဂုတ်လ ၉ ရက် မွန်းလွဲပိုင်းက အိမ်အကူအမျိုးသမီးက စတင်မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

“ထမင်းစားချိန် လာမစားလို့ သေဆုံးသူရဲ့ အခန်းတံခါးကို အိမ်ဖော်အမျိုးသမီးက လာခေါက်တယ်။ အခန်းထဲက ဘာသံမှပြန်မကြားရလို့ အိမ်ရှင်အမျိုးသမီးဆီ အိမ်ဖော်က ဖုန်းဆက်အသိပေးပြီး အခန်းတံခါးသော့ဖွင့်ဝင်ကြည့်ရာက သွေးအိုင်ထဲမှာ လဲကျသေဆုံးနေသူကို တွေ့ခဲ့တာ။ သေဆုံးသူ အခန်းထဲက တရုတ်စာနဲ့ ရေးထားတဲ့ သေတမ်းစာ စာတစ်စောင်ကို တွေ့ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

တရုတ်စာဖြင့် ရေးသားထားသည့် သေတမ်းစာတွင် တင်ရှိနေသည့် အကြွေးကို မဆပ်နိုင်ခဲ့သော်လည်း ပေးနေရသည့် အတိုးမှာ အရင်းနီးပါး ရှိနေပြီဖြစ်ကြောင်းနှင့် လက်ရှိကြွေးရှင်က အရင်းပြန်ဆပ်ရန် ပြောဆိုနေကြောင်း စသည့်အကြောင်းအရာများ ပါရှိခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် လှိုင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၁၈ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။  

S-03




FOLLOW US