News

POST TAGGED AS

အဆိုတော်

တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသည့် အဆိုတော် အစ္စဏီအမှုအား ရုံးပြောင်းစစ်ဆေးပေးပါရန် တရားလိုဖြစ်သူ မော်ဒယ်လ် စူးရှထက်ဘက်က အရှေ့ပိုင်းခရိုင် တရားရုံးထံသို့ လျှောက်တင်ထားကြောင်း ရှေ့နေ ဦးကျော်ဇင်ဦးထံမှ သိရသည်။
မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသည့် အဆိုတော် အစ္စဏီအမှုမှ တရားလိုဖြစ်သူ မော်ဒယ်လ်စူးရှထက်ကို ဇူလိုင်လ ၂ ရက်က တာမွေမြို့နယ်တရားရုံးတွင် တရားခွင်တံခါးပိတ် စစ်ဆေးခဲ့သည်။
လူမှုကွန်ရက်မှတစ်ဆင့် တရားရုံးနှင့်တရားသူကြီးများ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဟုဆိုကာ မြန်မာသံစဉ်အဆိုတော် တသသကို စဥ့်ကူးမြို့နယ် တရားသူကြီးဦးဝင်းဇော်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်လိုက်သည်။
ပရိသတ်တွေအနေနဲ့ အနုပညာရှင် တစ်ယောက်ရဲ့ အနုပညာအလုပ်နဲ့ ပုဂ္ဂိုလ်ရေး ဘဝကို ခွဲပြီး မြင်စေချင်ပါတယ်လို့ လူငယ် ပရိသတ်ကြိုက် တေးသံရှင် တစ်ဦးဖြစ်တဲ့ အောင်လက The Voice ကို ပြောကြားပါတယ်။