News

POST TAGGED AS

အဆိုတော်

ကလေးတွင် စအိုအတွင်းဝှက်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိ
ကလေး၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် မြန်မာ - အိန္ဒိယနယ်စပ်ကိုဖြတ်ကာ မူးယစ်ဆေးဝါးများကို စအိုအတွင်းဝှက်၍ သယ်ဆောင်လာသူနှစ်ဦးကို ဩဂုတ်လ ၁၃ ရက် နေ့ ညနေ ၅ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့၊ မူးယစ်တပ်ဖွဲ့စု (၅) ထံမှ သိရသည်။ 

တမူးမြို့မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါစီးနင်းလာသူနှစ်ဦးကို ကလေးမြို့နယ် ရာဇဂြိုဟ်ဆည် လမ်းခွဲအနီးတွင် ရှာဖွေစစ်ဆေးရာ မန်ဒုပ်ပု ၅၃ နှစ်၏ စအိုအတွင်းမှ ကွန်ဒုံးဖြင့်ထည့်လျက် သယ်ဆောင်လာသည့် ဘိန်းဖြူ ၅ ဂရမ်ခန့်နှင့် ၈၈ နှင့် I စာတန်းတစ်ဖက်စီပါ စိတ်ကြွဆေးပြား ၄၉ ပြား စုစုပေါင်းတန်ဖိုး ကျပ် ၂၂ သိန်းကျော်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ထောင်လျှန်ကပ် ၁၉ နှစ်၏ စအိုအတွင်းမှ ကွန်ဒုံးဖြင့်ထည့်လျက် ဘိန်းဖြူ ၆ ဂရမ်ခန့်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့၊ မူးယစ် တပ်ဖွဲ့စု ၅ ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို ကလေးမြို့မရဲစခန်းတွင် မူးစိတ် ပုဒ်မ -၁၉ (က) ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-20



FOLLOW US