News

POST TAGGED AS

အစ္စရေး

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရုဆလင်တွင် မေလအတွင်း ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဟိုလိုကော့စ်ဖြစ်ရပ်ဆိုးတွင် ဂျူးလူမျိုးလက်သည် တရားခံများလည်းရှိသည်ဟု ပိုလန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် အစ္စရေးနိုင်ငံရှိ ပိုလန်သံရုံး ဂိတ်တံခါးများတွင် နာဇီစကြာပုံများ ရေးဆွဲခံခဲ့ရကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
20-Feb-2018 tagged as အီရန် အစ္စရေး
ဆီးရီးယားနယ်စပ်ဒေသ ထိတွေ့မှုများ ဖြစ်ပေါ်ပြီးနောက်တွင် အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အီရန်၏ မဟာမိတ်များပေါ်တွင်သာမက အီရန်နိုင်ငံအပေါ်ပါ အရေးယူတုံ့ပြန်သွားနိုင်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများသည် ပိုလန်များကဲ့သို့ပင် ကျူးလွန်သူများဖြစ်သည်ဟု ပြောဆိုခဲ့သော ပိုလန်ဝန်ကြီးချုပ်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက စနေနေ့က ပြစ်တင်ရှုတ်ချလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် နေတန်ညာဟုသည် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စွဲချက်တင်ခြင်းခံရမည်ဟု အစ္စရေးရဲဌာနက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံတွင်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာသင်တန်း တက်ရောက်ရန်အတွက် သင်တန်းသားများကို လျှောက်လွှာခေါ်ယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
ယမန်နေ့က ဆီးရီးယားနိုင်ငံတွင် အစ္စရေးဂျက်တိုက်လေယာဉ် ပစ်ချခံရပြီးနောက် အစ္စရေးအစိုးရက ၎င်းတို့သည် ၁၉၈၂ ခုနှစ်နောက်ပိုင်း ဆီးရီးယား၌ အကြီးမားဆုံးထိုးစစ်ကြီးကို လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဂျူးလူမျိုး သန်းပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည့် ဟိုလိုကတ်ဖြစ်စဉ်တွင် ပိုလန်နိုင်ငံပါဝင်သည်ဟု ညွန်းဆိုပြောကြားမှုမျိုးကို ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကို ပိုလန်သမ္မတ အန်ဒါဇတ်ဒူဒါ လက်မှတ်ရေးထိုးလိုက်ခြင်းကို အစ္စရေးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ဝေဖန်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ Davao မြို့သည် ဒုတိယအကြီးဆုံးမြို့အဖြစ် သတ်မှတ်ထားခြင်းခံရသည့် မြို့ဖြစ်သည်။ ထိုမြို့တွင်ရှိသော အထက်တန်းကျောင်းများတွင် အစ္စရေးနိုင်ငံ၌ သိပ္ပံနှင့်နည်းပညာ ဘာသာတွဲအဖြစ် သင်ကြားပေးနေသည့် i-STEAM စနစ်ကို သင်ကြားပေးနိုင်ရေးအတွက် နှစ်နိုင်ငံမှာ တာဝန်ရှိသူများ လက်မှတ်ရေးထိုးလိုက်ကြောင်း အစ္စရေးနိုင်ငံထုတ် Israel 21C သတင်းတွင် ဖော်ပြထားသည်။ ဒါဗာအိုမြို့တွင် i-STEAM သင်ရိုးကို စမ်းသပ်သင်ကြားပြီး အောင်မြင်ပါက တစ်နိုင်ငံလုံးတွင်လည်း သင်ကြားကြမည်ဖြစ်သည်။
16-Jan-2018 tagged as အစ္စရေး
ဂါဇာကမ်းမြောင်မှနေ၍ အစ္စရေးမြေပေါ်တိုက်ခိုက်ရန် အသုံးပြုသော ဥမင်လိုဏ်ခေါင်းများ ဖျက်ဆီးရေးမှာ အစ္စရေး၏ အဓိကကျသော မဟာဗျူဟာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး အဘီဒေါ်လီဘာမင်းန်က ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။