News

POST TAGGED AS

အစ္စရေး

11-May-2018 tagged as အီရန် အစ္စရေး
မျက်မှောက်ကာလတွင် အီရန်နှင့် အစ္စရေးအကြား တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် ဒေသတွင်းရန်ဘက်နှစ်ဦးသည် ဒုံးကျည်များဖြင့် ညလုံးပေါက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
09-May-2018 tagged as အီရန် အစ္စရေး
မြို့တော်ဒမတ်စကတ်တောင်ဘက်ရှိ အခြေစိုက် စစ်စခန်းတစ်ခုကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အီရန်နှင့် ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ဖိအားကျရောက်လာနိုင်သော တီဟီရန်၏ လျှို့ဝှက်နျူကလီးယား အစီအစဉ် အထောက်အထားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထုတ်ဖော်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးအစိုးရသည် ဆန္ဒပြသူများအပေါ် အင်အားအလွန်အကျွံသုံးနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီးက ဝေဖန်ခဲ့ပြီး နာရီပိုင်းအကြာ ဧပြီလ ၂၇ ရက်နေ့တွင် ဂါဇာနယ်စပ်ဒေသတစ်လျှောက် အစ္စရေးစစ်တပ်၏ပစ်ခတ်မှုကြောင့် ဆန္ဒပြသူသုံးဦးသေဆုံးခဲ့ပြီး ၄၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း Reuters သတင်းဌာနကဖော်ပြသည်။
အစ္စရေးပါလက်စတိုင်းပါ ကိုယ်ပိုင်မြေပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆော်ဒီ၏ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင် ဆယ်လ်မန်က အမေရိကန်မဂ္ဂဇင်း The Atlantic နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ရာ ဆော်ဒီ၏ ကာလရှည်ရပ်တည်ချက် ပြောင်းလဲမှုအဖြစ် မီဒီယာများက အထူးအလေးပေး ဖော်ပြခဲ့ကြသည်။
ဂါဇာ-အစ္စရေးနယ်စပ်တွင် ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူရာချီဒဏ်ရာရခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုသည် အဂတိလိုက်စားမှု စွပ်စွဲချက်များနှင့်ပတ်သက်၍ ရဲဌာန၏ စုံစမ်းမေးမြန်းခြင်းခံရပြီးနောက် ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံ တဲအဗစ်မြို့အလယ်တွင် ရွှေ့ပြောင်းခိုလှုံလာသူ အာဖရိကန်များနှင့် ထောက်ခံသူပေါင်း နှစ်သောင်းခွဲခန့်စုဝေးကာ အစ္စရေး၏ အာဖရိကန်များကို ပြည်နှင်မည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြကြကြောင်း DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းဒေသတွင် အစ္စရေးစစ်သားများကို ပါးရိုက်ခဲ့ခြင်းကြောင့် ဆန္ဒပြကန့်ကွက်မှု များ၏ ပြယုဂ်အဖြစ် ထင်ရှားလာခဲ့သော ပါလက်စတိုင်း ဆယ်ကျော်သက်မိန်းကလေးသည် ထောင်ဒဏ် ရှစ်လကျခံရမည်ဖြစ်ကြောင်း DW သတင်းဌာနကဖော်ပြသည်။
ဆီးရီးယားနိုင်ငံ အတွင်းပိုင်းရှိ သံသယရှိသော နျူကလီးယား စီမံကိန်းနေရာကို ၂၀၀၇ ခုနှစ်က လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်ဘက်က တရားဝင်အတည်ပြု ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။