POST TAGGED AS

အစိုးရ

အစိုးရအဖွဲ့၏ ၂၀၁၈ -၁၉ ဘဏ္ဍာနှစ်၏ အသုံးစရိတ်တောင်းခံငွေ ကျပ်ဘီလီယံ နှစ်သောင်းကျော် (သန်းပေါင်း ၂၄,၉၅၄,၁၆၅ ဒသမ ၉၉၇ ) မှ ကျပ် ဘီလီယံ နှစ်ရာ့သုံးဆယ်ခန့် (တစ်ရာခိုင်နှုန်းခန့်သာ) ဖြတ်တောက်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
28-Aug-2018 tagged as အစိုးရ
အစိုးရအပေါ် အကြည်ညိုပျက်အောင် ရေးသားလှုံ့ဆော်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုထားသူ ငါးမင်းဆွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်စစ်ဆေးရန် ဩဂုတ်လ ၂၇ က အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
အစိုးရကျောင်းများတွင် ကျောင်းတွင်း အာဟာရကျွေးမွေးမှု အစီအစဉ်အရ အသင့်စား အစားအသောက်များထက် ဒေသထွက်အစားအစာများကို ကျွေးမွေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ကော်မတီက စက်လှေ ၂၆ စင်း ထောက်ပံ့ပေးထားကြောင်း ယင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံ ၆ ရုံကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေလေယာဉ်ကွင်းပိုင်မြေကို လုံခြုံရေးအရ ခြံစည်းရိုးကာရံမည်ဖြစ်၍ ယင်းမြေကို ငှားရမ်းလုပ်ကိုင်နေသူများ ဖယ်ရှားရန်ညွှန်ကြားသဖြင့် ဇူလိုင်လ ၂၀ ရက်မှ ယနေ့ထိ ဖယ်ရှားလျက်ရှိကြောင်း အဆိုပါမြေအတွင်း စိုက်ပျိုးရေး လုပ်ကိုင်သူများက ပြောကြားသည်။
ရန်ကုန်တိုင်းတွင် ဧပြီလမှ စက်တင်ဘာလအထိ ကြားကာလ၌ လျှပ်စစ်မီး၊ လမ်းနှင့် ရေရရှိရေးအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်း အားလုံးအတွက် ဘတ်ဂျက် ကျပ် ၂၀၂ဘီလီယံ ရရှိပြီး ကျန်းမာရေးနှင့် ပညာရေးဘတ်ဂျက် မပါဝင်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဗြိတိန်အစိုးရက အမေရိကန် ဒေါ်လာသန်း ၂၀၀ ကူညီမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်သည်စက်မှုအသင်း (MRCCI) ထံမှ သိရသည်။
... နိုင်ငံရေးစနစ် ဘယ်လောက်ကောင်းကောင်း အဂတိတရား ဘယ်လောက်ကင်းပါတယ်ဆိုဆို နိုင်ငံကို စီးပွားရေးတိုးတက်အောင် မလုပ်နိုင်ဘူး၊ ပြည်သူတွေကို ဝမ်းဝခါးလှအောင် မဆောင်ကြဉ်းပေးနိုင်ဘူး၊ အလုပ်အကိုင် မဖန်တီးပေးနိုင်ဘူး၊ ပညာရေးစနစ် မတည်ငြိမ်သလို နည်းစနစ် မမှန်ဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ လစာနည်းပါးနေမယ်၊ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ သူ့ကိုထောက်ခံမယ့် ပြည်သူတွေရဲ့ရာခိုင်နှုန်းဟာ အတော်နည်းပါးသွားတာ မြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ စင်ကာပူ အစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် မြင်ကြရနိုင်ပါတယ်။ ဥပမာယူပြီး ကြိုးစားသင့်ပါတယ်။
ရန်ကုန်ဆေးရုံကြီးသို့ လာရောက်သည့် လူနာများပြားသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအချို့ကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၊ အရေးပေါ်ကုသမှု ဆေးပညာဌာန၊ အရေးပေါ်တာဝန်ခံ ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောကြားသည်။