News

POST TAGGED AS

အစိုးရ

အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ထားခြင်းမရှိသည့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အခမ်းအနားများကို အစိုးအဖွဲ့ဝင်များအနေနှင့် လက်ခံတက်ရောက်ခြင်း မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ယခုရက်ပိုင်းတွင် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများ လုပ်ဆောင်ရာတွင် အစိုးရဌာနဆိုင်ရာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် ဝန်ခံပြောဆိုခဲ့သည်။
အစိုးရကို အမြဲအပြစ်တင်နေသူတွေ အနေနှင့်လည်း အမေစု ပြောစကားတွေကို ပြန်လည်နားထောင် သင့်သည်။ ဒါမှ အရာအားလုံးဟာ ပြည်သူတွေနှင့်သာဆိုင်ကြောင်း သိကြပေမည်။ ဒါပေမဲ့ ၂၀၁၅ ရှေ့ပိုင်းက အမေစုပြောတာတွေကိုတော့ ပြန်နားမထောင်နှင့်။ အဲ့ဒါတွေ ပြန်နားထောင်လျှင်တော့ အရာရာသည် အစိုးရနှင့်ဆိုင်သည်ဟု ထင်သွားလိမ့်မည်။
ယခင်အစိုးရလက်ထက်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခဲ့ပြီး သတ်မှတ်ကာလ လေးနှစ်ပြည့်သည်အထိ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းမရှိသည့် မြေဧက စုစုပေါင်း ၈၂၁၈၂၉ ဒသမ ၁၆ ဧကကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ပြန်သည်။
လူငယ်တွေ ဒီလောက်ရှိနေတာကို ဒါကြီးကိုမှ ရွေးရသလားကွာဆိုပြီး ပြည်သူတွေက အံ့ဩသည်။ အတိုက်အခံသမားတွေက လန့်သွားသည်။ အဘတွေကတောင် အဘပြန်ခေါ်ရမယ့် အရွယ်ကြီးကို ရွေးလိုက်တာကိုး။ ဒါကလည်း နိုင်ငံရေး အားသာချက်ဖြစ်သည်။ အဘတွေက အဘပြန်ခေါ်ရပြီဆို အတိုက်အခံလည်း ငြိမ်သွားနိုင်သည်။ လော်ဘီတွေကတော့ အေးဆေးပါ။ မဟာသီယာတောင် ၉၂ နှစ်ရှိတာ အစိုးရ ပြန်လုပ်တုန်းဆိုပြီး ထောက်ပြသည်။ အဲ့တော့ အဘဘက်တော်သားတွေကလည်း ဦးသန်းရွှေကြီး ပြန်ခေါ်လိုက်ရမလားဆိုပြီး ပြန်တမ်းတသည်။
28-May-2018 tagged as အခွန် အစိုးရ
အစိုးရ၏ အခွန်အကောက်နှုန်းထားများသည် ကောက်သင့်သည့် နှုန်းထားများထက် ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၄၀၀ ကျော်ကို ကောက်ယူထားသည့် “Myanmar Business Sentiment Survey” စစ်တမ်းတွင် ဖော်ပြထားသည်။
19-May-2018 tagged as YBS အစိုးရ
“ရေမလာ အစိုးရ၊ ခွေးသတ်အစိုးရ၊ ကားသွင်းခွင့်မပေးတဲ့အစိုးရ”ဆိုပြီး ဆက်ပြောနေသေးသည်။ “ဟာ ... ဟေ့ကောင် ဘာတွေ အော်နေတာလဲ။ မင်းတော့ အဖမ်းခံရတော့မှာပဲ။ လာအိမ်ထဲကို”ဟု ကျွန်တော်ကလှမ်းခေါ်လိုက်သည်။ “မင်းကရော ဘာလို့ စောစော မထရတာတုံး ငါအော်ခေါ်တာ မကြားဘူးလား။ ဘောမ လက်သစ်ကောင်”
ဒီကနေ့ အစိုးရဆိုတာ အရင်ကလို ကိုယ့်ဘာသာ ဇွတ်အတင်း တက်လုပ်တဲ့ အစိုးရမဟုတ်တော့ဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရ ဖြစ်နေတဲ့အတွက် ပြည်သူနဲ့ အစိုးရ ချိန်စက်ကြည့်ရင် အစိုးရမှာ တာဝန်ပို များတယ်။ တာဝန်မဲ့တဲ့ ပြည်သူတွေ မဖြစ်အောင် အစိုးရက နည်းလမ်းမျိုးစုံနဲ့ ပြုပြင်ပေးရမယ်။ ဒါကလည်း အစိုးရဖြစ်လာရင် မဖြစ်မနေထမ်းရမယ့် တာဝန်ပဲ။
လက်ရှိအစိုးရ၏ ကျန်ရှိသည့်သုံးနှစ်တာ ကာလအတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မေလ ၉ ရက်နေ့ကကျင်းပသည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခရီးသည်တင်ယာဉ်လိုင်းတွင် အသုံးပြုမည့် ငွေပေးချေကတ်စနစ် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီနှင့် ယခုလကုန်တွင် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ကြောင်း ယင်းအစိုးရအဖွဲ့ထံမှ သိရသည်။