News

POST TAGGED AS

အစိုးရ

08-Jan-2018 tagged as အစိုးရ ဂျာမနီ
ဂျာမနီ၏ နိုင်ငံရေး မတိုးသာမဆုတ်သာ အခြေအနေကို အဆုံးသတ်နိုင်ရေးအတွက် အဓိပတိ မာကယ်လ်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းမှုအသစ်တစ်ရပ် ပြုလုပ်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
03-Jan-2018 tagged as အစိုးရ NLD
ထို့အပြင် ပြန်လည် လက်ခံကြရမည့် လူစာရင်းဦးရေမှာလည်း အမျိုးမျိုး ကွဲပြားပြီး တစ်နေ့တခြား တိုးပွားလာလျက်ရှိရာ ထိုအရေးမှာ နှစ်ကာလ ကြာရှည်ပြီး အစိုးရသက်တမ်း ကုန်သည့်တိုင် ပြီးဆုံးသွားမည့်ကိစ္စ ဖြစ်လာမည် မဟုတ်ဟုလည်း သုံးသပ်ရသည်။
ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ရသုံး ခန့်မှန်းခြေ ငွေစာရင်းရေးဆွဲပြီး လွှတ်တော်သို့တင်ပြရာတွင် ဘတ်ဂျက်လိုငွေ ကျပ်သန်း ငါးသောင်းကျော်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
31-Dec-2017 tagged as အစိုးရ စပိန်
ကတ်တလန် လွှတ်တော်သစ်၏ ပထမဆုံးအစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ခေါ်ယူရန် စပိန်ဝန်ကြီးချုပ်က သောကြာနေ့တွင် ပြောကြားလိုက်ရာ တရားမဝင် လွတ်လပ်ရေးကြေညာမှုကြောင့် ဒေသန္တရအစိုးရဟောင်းကို ဖျက်သိမ်းပြီးနောက်တွင် ပေါ်ထွက်လာမည့် အစိုးရသစ်ကို ထပ်မံသတိပေးလိုက်ခြင်း ဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၌ အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုကော်မတီဝင် ဦးနှင်းထွန်းတိုးက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားခြင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှသိရသည်။
ထိုရခိုင်မြောက်ပိုင်းအရေးမှာ သူ၏သက်တမ်း ၂ နှစ်တာနီးနီးကာလအတွင်း အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံခဲ့ရပြီး နိုင်ငံတကာ ဖိအားကိုပင် သမိုင်းတစ်လျှောက်မကြုံဖူးသည်အထိခံခဲ့ရသည်။ ထိုအရေးမှာ ယခုလာမည့် ၂၀၁၈ ခုနှစ်အတွက်လည်း ၎င်းတို့ ဆက်လက် လျှောက်လှမ်းရမည့် ခရီးလမ်းများတွင် ခရီးကြမ်းကြီးတစ်ခု ဖြစ်နေသေးသည်။
25-Dec-2017 tagged as အစိုးရ
အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း လေးသိန်းရှိသည့်ပမာဏကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လေလံတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုန်ပြန်ကြေညာသည်။
12-Dec-2017 tagged as အစိုးရ မန္တလေး
ကြံ့ခိုင်ရေးပါတီ အစိုးရမှ NLD အစိုးရသို့ အကူးအပြောင်း ကာလအတွင်း မန္တလေးမြို့ပေါ်တွင် လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးခဲ့သည့် အများပြည်သူနှင့်သက်ဆိုင်သော ဧကကျယ်မြေကွက်နှင့် ပလပ်မြေ ၁၃၅ ကွက်ကို ဂရန်များ ပယ်ဖျက်ပြီး အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေ (အစိုးရမြေ) အဖြစ် ပြန်လည်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။
မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းပိုင် မန်းသံပရာကန်မှ ထွက်ရှိသည့် ဒီဇယ်၊ ဓာတ်ဆီနှင့် စီဂျီအို သုံးမျိုးကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်သွယ်မှုပြုလုပ်နေသော ဘဏ်စာရင်းအချို့နှင့် ငွေပို့ငွေလွှဲ ပြုလုပ်နေသည့် ဘဏ်စာရင်းတို့ကို တရုတ်အစိုးရဘက်က ထပ်မံ ပိတ်ပင်လိုက်ပြီး ယင်းသို့ ပိတ်ပင်ရခြင်းမှာ ယခင်ဖြစ်ပေါ်ခဲ့သော အွန်လိုင်း လောင်းကစားကိစ္စများကြောင့် ဖြစ်ဖွယ်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။