News

POST TAGGED AS

အစိုးရ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာဟောင်းနေရာများတွင် တပ်မတော်က စစ်အခြေစိုက်စခန်းများ ဆောက်လုပ်နေသည်ဆိုသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ စွပ်စွဲချက်မဟုတ်မှန်ကြောင်း အစိုးရက ငြင်းဆိုလိုက်သည်။
စက်သုံးဆီဈေးနှုန်းများ လျော့ကျစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စက်သုံးဆီဆိုင်များဖွင့်လှစ်၍ လက်လီရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
07-Mar-2018 tagged as အစိုးရ e-Government
အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကိုသာ အားသွန်ခွန်စိုက် ကြိုးစားနေဆဲဖြစ်ပြီး ကျန်ရှိတဲ့ကဏ္ဍများကို အနောက်ကို ရွှေ့ထားတာကို တွေ့ရပါတယ်။ အဲဒီထဲမှာ e-Government အကောင်အထည်ဖော်ရေးကိစ္စဆိုတာကလည်း တစ်ခုအပါအဝင်ပါ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ နည်းပညာ တတ်ကျွမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်တာကြောင့် e-Government စနစ် မြန်မြန်ဆန်ဆန် အောင်မြင်ဖို့အတွက် လိုအပ်တဲ့ဥပဒေတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
ဒီမိုကရေစီကို ထူထောင်နေတဲ့နိုင်ငံများမှာ အစိုးရများရဲ့ နိုင်ငံရေးမူဝါဒသည် သေချာရေရာမှုရှိဖို့၊ အစိုးရများသည် မိမိတို့ဦးတည်ချက်ကို မှန်မှန်ကန်ကန်သိဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီဖြစ်တာနဲ့အညီ လစ်ဘရယ်ဝါဒကို အမှန်တကယ်ပဲ အခြေခံမှာလား၊ ဒါမှမဟုတ် စီးပွားရေးနဲ့ နိုင်ငံရေးကို ကိုယ်နဲ့သင့်သလို ပုံဖော်ပြီး အလုပ်ဖြစ် (အောင်မြင်) ခဲ့ကြတဲ့ အရှေ့အာရှ မော်ဒယ်လ်ပဲသွားမှာလား ရေရာဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ရွှေ့ပြောင်းအခြေချမှုများကို ကိုင်တွယ်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် သဘောတူညီချက်မရပါက အစိုးရယန္တရားရပ်ဆိုင်းသည်ကိုသာ သဘောကျကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
အထူးသဖြင့် NLD အစိုးရတက်လာချိန်မှစတင်ကာ (၆၆-ဃ) ကဲ့သို့ ပုဒ်မမျိုးသည် အလုပ်အဖြစ်ဆုံးသော ပုဒ်မတစ်ခုဖြစ်လာခဲ့သည်။ (၆၆-ဃ) ဖြင့် တရားစွဲဆိုမှုများ၊ ဆန္ဒပြရင်း၊ ဟောပြောရင်း တရားစွဲဆိုခံရမှုများနှင့် ဖမ်းဆီးထောင်ချခံရမှုများက အရပ်သား ဒီမိုကရေစီ အစိုးရလက်ထက်တွင် အရေအတွက် များပြားလွန်းလာခဲ့သည်။
မြန်မာအစိုးရအဖွဲ့အတွင်း အလုံးစုံ ပြင်ဆင်ပြောင်းလဲမှုများ စတင်ပြုလုပ်နေပြီး စီးပွားရေးတိုးတက် ပြောင်းလဲရေး၊ ပွင့်လင်းမြင်သာမှု တိုးတက်ရေးနှင့် ဗျူရိုကရေစီယန္တရား ပိုမိုထိရောက်ရေး လမ်းကြောင်းပေါ်တွင် ရှိနေသော အတားအဆီးများကို ကိုင်တွယ်ရန် အစိုးရက ကြိုးစားနေခြင်းဖြစ်သည်။
ရုရှားတွင် အစိုးရက အစောပိုင်းတွင် ပိတ်ပင်ခဲ့သည့် စတာလင်သေဆုံးခြင်းအမည်ရှိ ယူကေဇာတ်ကားကို ပြသခွင့်ရပ်ဆိုင်းလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-Jan-2018 tagged as အစိုးရ NLD
ဒီမိုကရေစီစနစ်မှာ ဥပဒေတွေဟာ အဓိကမဏ္ဍိုင်ကျောရိုးဖြစ်သလို အစိုးရဌာနတွေက ဆောင်ရွက်ရတဲ့ ကိစ္စတိုင်း ကိစ္စတိုင်းဟာ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ကြရလေ့ ရှိကြလို့သာ ဖြစ်တဲ့အပြင် ဥပဒေတွေကောင်းရင် ကောင်းသလောက် စည်းနှောင်အားကောင်းပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ တိုးတက်လေ့ ရှိတတ်ပါတယ်။ မျှတရင် မျှတသလောက် တိုင်းရင်းသားတွေ အကုန်လိုက်နာပြီး ငြိမ်းချမ်းနေလေ့ရှိပါတယ်။
အမေရိကန် အစိုးရယန္တရား ရပ်ဆိုင်းနေမှုကို အဆုံးသတ်ရန် အထက်လွှတ်တော်တွင် ညှိနှိုင်းမှုမပြေလည်သောကြောင့် တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) အစိုးရရုံးများ ဖွင့်ရက်ရောက်လာချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းအများအပြား ရုံးမတက်ရသောကြောင့် ဝန်ဆောင်မှုများ လည်ပတ်နိုင်ခြင်းမရှိဖြစ်နေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။