News

POST TAGGED AS

အစိုးရ

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သမ္မတကြီးရဲ့ ပညာတော်သင်ဆုဆိုပြီး လုပ်လိုက်ပါသေးတယ်။ ဘယ်နှယောက်လောက် လွှတ်လိုက်လဲဆိုတာတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒါပေမဲ့ အခုအစိုးရခေတ်မှာတော့ အစုလိုက် အပြုံလိုက် ပညာတော်သင်လွှတ်ဖို့ကိစ္စ ဆွေးနွေးတာလည်း မကြားမိသလို ပြောသံဆိုသံလည်း မကြားမိသေးပါဘူး။ ဒီတိုင်းသာဆိုရင်တော့ ပညာတတ်မရှိလို့ တိုင်းပြည် နိမ့်၊ တိုင်းပြည် နိမ့်လို့ ပညာတတ်မရှိ၊ အဲလိုနဲ့ လုံးလည်ချာလည် ရိုက်နေဦးမှာပါ။ အစိုးရအနေနဲ့ ဘတ်ဂျက်မရှိလို့ ပညာတော်သင် မလွှတ်နိုင်သေးသည့်တိုင် ပုဂ္ဂလိကဘဏ်တွေနဲ့ပူးပေါင်းပြီ အိမ်တွေ၊ ကားတွေ အရစ်ကျဝယ်ခွင့်ရသလို ထူးချွန်ပေမယ့် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ငွေမရှိတဲ့လူငယ်တွေကို အတိုးနည်းနည်း ငွေချေးပြီး ပညာတော်သင် လွှတ်ပေးသင့်ပါတယ်။
မြန်မာနိုင်ငံတွင် တည်ထောင်ထားသော ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများအနေနှင့် လုပ်ငန်းဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍအတွင်းရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ အချင်းချင်းလည်းကောင်း အဂတိလိုက်စားမှုများ မပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုယ့်နောက်မှ တစ်ပါတီအာဏာရှင်စနစ်ကိုဖယ်ရှားခဲ့တဲ့ ဥရောပနိုင်ငံတွေအားလုံး ဒီနေ့ ဒီအချိန်မှာ စီးပွားဖွံ့ဖြိုးပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေပြီ။ ယူဂိုဆလားဗီးယားလို ပြည်တွင်းစစ်သွေးချောင်းစီးလို့ အစိတ်စိတ်ကွဲသွားတဲ့ ခွဲထွက်နိုင်ငံတွေတောင် တည်ငြိမ်သွားပြီ။ ခရိုအေးရှားဆို ဒီနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတောင် ရောက်သွားသေး။ ဂေါ်ဗာချက်ဗ်အလွန် သမ္မတယဲ့လ်ဆင်လက်ထက်မှာ ကသောင်းကနင်းဖြစ်ခဲ့တဲ့ ရုရှားကလည်း အခု ပူတင်လက်ထက်မှာ တော်တော်လေးငြိမ်ပြီး စစ်အေးခေတ်တုန်းကလို အမေရိကန်ကို ပါဝါချင်းပြန်ယှဉ်နိုင်တဲ့ အနေအထား ရောက်သွားပြီ။
02-Aug-2018 tagged as ပညာရေး အစိုးရ
ဝန်ထမ်းက ပညာမပြနိုင်အောင် အစိုးရက ပညာပြည့်ဝနေဖို့လိုမည်။ အရည်အသွေးမြင့်သော အစိုးရအဖွဲ့ကို ဘယ်ဝန်ထမ်းမှ ပညာပြလို့မရ။ အစိုးရကိုယ်တိုင်ကလည်း အရည်အသွေး မြင့်နေသင့်သည်။ ဝန်ထမ်းတွေ ပညာပြတာ ခံရပြီဆိုကတည်းက သက်ဆိုင်ရာ အကြီးအကဲဖြစ်သူ၏ အရည်အသွေးပိုင်းကို အရင်ဆုံး မေးခွန်းထုတ်သင့်သည်။ ကိုယ့်ဌာနကိုယ် မနိုင်လို့ ထွက်လာသောအသံဖြစ်သည်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေနိုင်မလဲ ဆိုသောအဖြေကို ရှာကြစေချင်သည်။
အိန္ဒိယအစိုးရက နိုင်ငံသားမှတ်ပုံ တင်စာရင်း (NRC) ကိုထုတ်ပြန်ခဲ့ခြင်းဖြင့် စာရင်းတွင် မပါဝင်သော နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ တရားမဝင်ရွှေ့ပြောင်း ဘင်္ဂါလီ ၄ သန်း၏ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်လိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။
28-Jul-2018 tagged as အစိုးရ
ယခုအခြေအနေက ပြည်သူတွေနှင့် အစိုးရ သီးခြားစီလို ဖြစ်နေသည်။ လွှတ်တော်တွေက လွှတ်တော်အလုပ် ပုံမှန်လုပ်နေသော်လည်း လွှတ်တော် ကတိကဝတ်တွေကို အစိုးရက ဝတ်ကျေတမ်းကျေလောက်ပဲ ဆောင်ရွက်နေသည်။ နိုင်ငံက ရွေ့သင့်သလောက် မရွေ့။
ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများသုံးရန် ကျပ်ဘီလီယံပေါင်း နှစ်သောင်းငါးထောင် (ကျပ်သန်းပေါင်း ၂၄,၉၅၄,၆၁၅ ဒသမ ၉၉၇ ) ခန့်ကို တောင်းခံလိုက်သည်။
အီးယူမှ ဗြိတိန် နုတ်ထွက်မှုကို ဖော်ပြသော စာတမ်းအား ဗြိတိန်နိုင်ငံက ဥရောပဘာသာစကား အမျိုးမျိုးဖြင့် ဘာသာပြန်ဆို ထုတ်ဝေမှုအပေါ် ဥရောပတိုက်ရှိ ရိုးရာဓလေ့ စကားပြောသူများထံမှ လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
ယခုနှစ်ဘတ်ဂျက်မှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ၂၀ ကျော်တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။
အသစ်ပြောင်းလဲခဲ့တဲ့ ဘဏ္ဍာရေးနှစ်အသစ်အရဆိုရင် လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဘဏ္ဍာရေးနှစ် အသစ်စကြရတော့မှာမို့ အခုလာမယ့်အစည်းအဝေးကာလ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေ အတွင်းမှာတော့ လွှတ်တော်အတွင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးတာတွေ၊ လျှော့ချတာတွေ ကြားကြရဦးမှာပဲ ဖြစ်ပါတယ်။