News

POST TAGGED AS

အစာအဆိပ်သင့်

တောင်ငူတွင် လူ ၁၀၀၀ ခန့် ရေဘေးရှောင်


တောင်ငူ၊ ဇူလိုင် ၂၉

ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ စစ်​​တောင်းမြစ်​စိုးရိမ်​​ရေမှတ်​အထက်​ ​ကျော်​လွန်​​ရောက်​ရှိခဲ့သဖြင့်​​ ဘုန်း​တော်​ကြီး​ကျောင်းများ၊ စာသင်​​ကျောင်းများတွင်​​ အိမ်​​ထောင်​စု ၂၃၄ စု လူဦးရေ ၉၅၀ ​ကျော်​ ​ရွှေ့ပြောင်းပြီး ကယ်​တင်​​စောင့်​​ရှောက်​ထားရသည်​ဟု ​တောင်​ငူမြို့နယ်​ အုပ်​ချုပ်​ရေးဦးစီးဌာနက ထုတ်​ပြန်​သည်​။

“ဒီတစ်​​ခေါက်​​ရေက အ​တော်​မြန်​တယ်​။ မနှစ်​ကထက်​ကိုမြန်​​တော့ ဘုရား​ပေါ်အမြန်​​​ပြေးရတယ်​။ က​နေ့မနက်​​တော့ ထမင်းထုတ်​လာ​ဝေသွားတယ်​”ဟု​ တောင်​ငူမြို့ ကြက်​သျှာစွန်းရပ်​​နေ ​အမျိုးသမီးတစ်​ဦး​က ​ပြောကြားသည်​။

စစ်​​တောင်းမြစ်​​ရေသည်​ ဇူလိုင်​လ ၂၈ ရက်​​ နံနက်​မှစ​ပြီး စိုးရိမ်​​ရေမှတ်​ကို ​ကျော်​လွန်​​ခဲ့ခြင်းဖြစ်​ကာ ယ​နေ့ နံနက်​ ၆ နာရီအချိန်​ တိုင်းထွာချက်​များအရ မြို့၏ စိုးရိမ်​​ရေမှတ်​ ၆၀၀ စင်​တီမီတာအထက် ​၂၆ စင်တီမီတာ​ ကျော်လွန်​ရောက်ရှိ​နေသည်​ဟု ​မိုး​လေဝသနှင့်​​ဇလ​ဗေဒညွန်​ကြားမှု ဦးစီးဌာနထံမှသိရှိရသည်​။

R-15



FOLLOW US