News

POST TAGGED AS

အစာအဆိပ်သင့်

ပဲခူးတိုင်း ပဲခူးမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုမှ အစာအဆိပ်သင့်ပြီး ပဲခူးဆေးရုံကြီး၌ တက်ရောက် ကုသမှုခံယူနေရသူ ကလေးငယ်များအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၃ ဦးသည် သက်သာသော်လည်း ဆက်လက်စောင့်ကြည့်ရန် ဆေးရုံပေးမဆင်းသေးကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်အောင်က ပြောကြားသည်။
ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းစောက်ရွာတွင် ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၂၇ ရက်) အလှူတစ်ခု၌ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲစားရာမှတစ်ဆင့် လူ ၇၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောကြားသည်။
လူတစ်ရာကျော် အစာအဆိပ်သင့်ခဲ့သည့် ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာရှိ ချောင်းရေနှင့် ရေတွင်းရေနမူနာကို စစ်ဆေးရာ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသည့် E.coli ပိုးကိုတွေ့ရှိရကြောင်း ကနီမြို့နယ်ဆရာဝန်ကြီး ဒေါ်ဝေမာနွယ်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ညောင်ကိုင်း စံပြကျေးရွာရှိ အထက ကျောင်းတွင် ဇူလိုင်လ ၁၂ ရက် နေ့လယ်ပိုင်းက ဆဋ္ဌမတန်းကျောင်းသူတစ်ဦးသည် ကျောင်းရှိမုန့်ဆိုင်တွင် အကင်စားမိရာမှ အစာဆိပ်သင့်သကဲ့သို့ဖြစ်ကာ သတိလစ်သွား၍ ဆေးရုံတင်ပို့လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၁၆၈) ရပ်ကွက်၊ ရိုးမရိပ်သာလမ်းရှိ ဆောက်လုပ်ရေးအိမ်ရာတစ်ခုတွင် ဇွန်လ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး အစာအဆိပ်သင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားခြောက်ဦး မှိုအဆိပ်သင့်ခဲ့ခြင်းကြောင့် မူဆယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်နေ့က ယင်းလူနာခြောက်ဦးအနက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိ ရသည်။
နေပြည်တော်တွင် တောတွင်းမှ မှိုခူးယူစားသုံးသူလေးဦးနှင့် မြို့မဈေးမှ ဝယ်ယူစားသုံးသူ ကိုးဦးတို့မှာ အဆိပ်သင့်၍ ခုတင် ၁၀၀၀ ဆေးရုံ၌ တက်ရောက်ကုသနေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၄၇) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၁ ရက် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်က အလေ့ကျပေါက်သည့် မှိုဟင်းချက်စားရာက အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး အစာအဆိပ်သင့်မှုဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပဲခူတိုင်း အင်းတကော်မြို့ ပျဉ်းမငူကျေးရွာတွင် ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဆောင်မှ ကျွေးမွေးသည့် အစားအသောက်များကို စားရာမှ လူ ၄၀ ကျော် အစာအဆိပ်သင့်ခဲ့သည့် ထမင်းဟင်းနမူနာများကို ရန်ကုန်မြို့ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း ပဲခူးဆေးရုံအုပ် ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဋ္ဌောကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကပြုလုပ်သည့် အလှူထမင်းဟင်းစားမိရာမှ လူဦးရေတစ်ရာကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။