News

POST TAGGED AS

အငှားအိမ်ရာ

အမှတ် ၄၈ ခြေလျင်တပ်ရင်းပိုင် မြေယာပေါ် ကျူးကျော်နေထိုင်သူ ၄ ဦးကို အမှုဖွင့်
တောင်ငူ၊ ဇန်နဝါရီ ၂၀

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အနောက်ဘက် ရွှေလောင်းကျေးရွာအုပ်စု အမှတ် ၄၈ ခြေလျင်တပ်ရင်းပိုင် မြေယာများတွင် ကျူးကျော်အိမ်ရာ ဆောက်လုပ်နေထိုင်ကြသည့် ဒေသခံအမျိုးသားလေးဦးကို ဇန်နဝါရီလ ၁၉ ရက်က တပ်မတော်က အမှုဖွင့်လှစ်ခဲ့ကြောင်း အုတ်တွင်းမြို့မ ရဲစခန်းထံမှ သိရသည်။ 

“သူတို့ကို အမှုဖွင့်ခံထားရတယ်ဆိုတာလည်း မသိကြသေးပါဘူး၊ အမှုဖွင့်ခံထားရတဲ့ အမျိုးသားလေးဦးက ရွာကလူတွေနဲ့ တောင်ပေါ်တက်ပြီး တောအလုပ်သွားလုပ်ကြတယ်”ဟု အမှုဖွင့်ခံထားရသူများနှင့် ရင်းနှီးသူ ဗွက်အင်းကျေးရွာသား ဦးမင်းမင်းက ပြောကြားသည်။

ဗွက်အင်းကျေးရွာနေသူ အသက် ၃၈ နှစ်အရွယ် ဦးမင်းမင်းဦး၊ အသက် ၄၀ အရွယ်ရှိသော ဦးကျော်လွင်နှင့် ဦးဇော်ခင်၊ အသက် ၄၇ နှစ်အရွယ် ဦးမောင်မြင့်တို့က တပ်မတော်က စွန့်လွှတ်မြေများအနက် အုတ်တွင်းမြို့နယ် အမှတ် ၄၈ ခြေမြန်တပ်ရင်းသို့ လွှဲပြောင်းပေးအပ်ထားသည့် ဧက ၅၀ ပေါ်တွင် ကျူးကျော်အိမ်ရာများ ဆောက်လုပ်နေထိုင်ခဲ့သည်ဟုဆိုကာ အဆိုပါ တပ်ရင်းဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးတစ်ဦးက တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

အဆိုပါလေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးစစ်ဆေးရန် စုံစမ်းနေကြောင်း၊ ဖမ်းဆီးပြီးပါက အာမခံရယူပြီး တရားရင်ဆိုင်နိုင်ကြောင်း အုတ်တွင်းမြို့မရဲစခန်းထံမှ သိရ သည်။  

R-15



FOLLOW US