News

POST TAGGED AS

အငှားယာဉ်

ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းတွင် အငှားယာဉ်ပေါ်မှ ဆင်းသွားသည့် ခရီးသည်အမျိုးသမီးတစ်ဦး ယာဉ်ပေါ်မေ့ကျန်ခဲ့သော လက်ဝတ်ရွှေထည်နှင့် ငွေကျပ် သိန်း ၃၀ ပါရှိသည့် အိတ်တစ်လုံးကို အငှားယာဉ်မောင်း အမျိုးသားက အင်းစိန်မြို့မရဲစခန်းထံ လာရောက်အပ်နှံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အငှားယာဉ်တစ်စီးကို ငှားရမ်းစီးနင်းစဉ် လုယက်ခံရကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ လိမ်ညာတိုင်တန်းသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီလ ၈ ရက် မွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း အငှားတက္ကစီယာဉ်များ စီးနင်းသည့် ခရီးသည်များ လုံခြုံမှုရှိစေရန် မလိုလားအပ်သော ဒုစရိုက်မှုများ မဖြစ်စေရန် အငှားတက္ကစီယာဉ်များတွင် စတစ်ကာအမည်းများကပ်ခြင်းနှင့် လိုက်ကာကာခြင်းများကို ဖေဖော်ဝါရီလ ၁ ရက်က စ၍စစ်ဆေးကာ လိုင်စင်သိမ်းခြင်းဖြင့် အရေးယူနေကြောင်း အမှတ် (၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။
အငှားယာဉ်မောင်းသူ မျိုးဇော်ဦး (ခ) ဆီဒိုးနားမှာ ပတ္တမြားလမ်းရှိ တန်းလျားတွဲ အဆောက်အအုံမှ အခန်းတစ်ခန်းတွင် ၎င်း၏ဇနီးနှင့်အတူ ငှားရမ်းနေထိုင်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းက ၎င်းအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ခရီးသည် အမျိုးသမီးကို ၎င်း နေအိမ်နှင့် မလှမ်းမကမ်းရှိ ငမိုးရိပ်ချောင်းကမ်းစပ်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။
သာကေတမြို့နယ်၊ ကန်သာယာလမ်းတွင် ခရီးသည်၏ လက်ဝတ်ရတနာများ ပါသည့်အိတ်ကို ယူဆောင်မောင်းပြေးသည့် အငှားယာဉ်မောင်းအမျိုးသားကို ဖမ်းမိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့နယ် ပြည်လမ်း တော်ဝင်စင်တာရှေ့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကျပ် ၁၅၀၀ ဖြင့် လိုက်ပို့ဆောင်ခိုင်းသည့် ခရီးသည်အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထောက်ကာ လက်ကိုင်ဖုန်း၊ ငွေနှင့် ရွှေနားဆွဲတစ်ရန် လုယက်သွားသည့် အငှားယာဉ်ပေါ်မှ အမျိုးသားလေးဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Dec-2017 tagged as အငှားယာဉ်
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၏ တန်ဖိုးငွေကျပ် ကိုးသိန်းခန့်ရှိသော ကရင်ရိုးရာ အထည်များ ထည့်ထားသည့် ဆာလာအိတ်တစ်အိတ်ကို အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ခိုးယူမောင်းပြေးသည့် အငှားယာဉ်မောင်း အမျိုးသားကို ဒီဇင်ဘာ ၂၆ ရက် ည ၇ နာရီခွဲက ဖမ်းမိခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
25-Oct-2017 tagged as အငှားယာဉ်
လှိုင်သာယာမြို့နယ်၊ BOC မှတ်တိုင်အနီး ရန်ကုန်-ပုသိမ်လမ်းဘေးရှိ အငှားယာဉ်ဂိတ်တွင် အောက်တိုဘာလ ၂၂ ရက် မွန်းတည့် ၁၂ နာရီက သော့တန်းလန်းဖြင့် ရပ်ထားသည့် အငှားယာဉ်တစ်စီးအား ခိုးယူမောင်းပြေးသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Dec-2016 tagged as အငှားယာဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များ စာရင်းကို အတိအကျ သိရှိနိုင်ရန် ဒီဇင်ဘာလ တတိယပတ်မှ စတင် ကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
25-Sep-2016 tagged as အငှားယာဉ်
သာကေတမြို့နယ်၊ (၇) ရပ်ကွက်၊ ဇီဇဝါလမ်းတွင် နေထိုင်သော အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်သည် ၎င်း၏ အငှားယာဉ်ပေါ် မေ့ကျန်နေခဲ့သည့် ကျပ်သိန်းတစ်ထောင်နီးပါးရှိ စိန်နှင့်မြကျောက်များကို စက်တင်ဘာလ ၂၅ ရက် နံနကပိုင်းက ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်၍ ပြန်အပ်နှံခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့နှင့် ပိုင်ရှင်ဖြစ်သူထံမှ သိရှိရသည်။