News

POST TAGGED AS

အငှားယာဉ်

Uber က Grab ထံ မြန်မာနှင့် အရှေ့တောင်အာရှ လုပ်ငန်းများကို လွှဲပြောင်း
ရန်ကုန်၊ မတ် ၂၆

စင်ကာပူနိုင်ငံအခြေစိုက် Grab က အမေရိကအခြေစိုက် Uber ၏ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လုပ်ကိုင်နေသော အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

Grab သည် အရှေ့တောင်အာရှ ဒေသတွင်းရှိ Uber ၏ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းနှင့် အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် လုပ်ငန်းများကို Grab ၏ လက်ရှိလုပ်ဆောင်နေသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာလုပ်ငန်း အမျိုးမျိုးတို့တွင် ပေါင်းစည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Grab ထံမှ သိရသည်။

“ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု အမှတ်တံဆိပ်အပေါ်ထားတဲ့ Uber ရဲ့ ယုံကြည်မှုကြောင့် အစားအသောက်၊ ငွေပေးချေမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကနေ လူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးတဲ့ ကုမ္ပဏီအဖြစ် တက်လှမ်းနိုင်မယ့် နောက်ထပ်အဆင့်တစ်ခုဆီကို မျှော်မှန်းကြည့်လို့ ရသွားပြီ”ဟု Grab ၏ Co-founder နှင့် Group CEO Mr. Anthony Tan က ပြောကြားကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ Uber ၏ လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုကို လွှဲပြောင်းယူပြီးနောက် Uber သည် Grab ထံတွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းဝေစုကို ရရှိမှာဖြစ်ပြီး Uber ၏ အမှုဆောင်အရာရှိချုပ်ကလည်း Grab ၏ ဘုတ်အဖွဲ့တွင် ပါဝင်လာမည်ဖြစ်သည်။

Grab သည် အရှေ့တောင်အာရှ ဒေသတွင်း၌ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ အစားအစာနှင့် အထုပ်အပိုး ပို့ဆောင်ရေးလုပ်ငန်း၊ မိုဘိုင်းလ်ငွေပေးချေစနစ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီထံမှ သိရသည်။

J-01



FOLLOW US