News

POST TAGGED AS

အငှားယာဉ်

ရန်ကုန်မြို့တွင် အငှားတက္ကစီယာဉ်မောင်းအဖြစ် ရပ်တည်နေသည့် ယာဉ်မောင်းများသည် ဆီဈေးမြင့်တက်ခြင်းအပြင် ခရီးသည်ရှားပါးမှုများရှိလာ၍ အငှားယာဉ်အချို့ ယာဉ်ပိုင်ရှင်ထံ ပြန်အပ်နှံမှုများရှိနေကြောင်း အငှားတက္ကစီယာဉ်မောင်းများထံမှ စုံစမ်းသိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းတွင် ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီက အငှားယာဉ်နှစ်စီး ပွတ်တိုက်မိရာမှ ယာဉ်မောင်းနှစ်ဦး စကားများရန်ဖြစ်ကာ ပရိုဘောက်အငှားယာဉ်မောင်း အမျိုးသားမှာ စတီးပိုက်လုံးဖြင့် ရိုက်သတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းရှိ ဘုရားလမ်း မှတ်တိုင်အနီးတွင် မေလ ၂၀ ရက် ညပိုင်းက အငှားယာဉ်သုံးစီး တိုက်မိရာမှ ခရီးသည် အမျိုးသားတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
စင်ကာပူနိုင်ငံအခြေစိုက် Grab က အမေရိကအခြေစိုက် Uber ၏ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လုပ်ကိုင်နေသော အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအနီးတွင် တွေ့သည့်အလောင်းမှာ ရန်ကုန်မှချောင်းသာသို့ ကားအငှားလိုက်ပြီး အသတ်ခံရသော အငှားယာဉ် မောင်းဖြစ်ကာ မော်တော်ယာဉ်ပါ လုယက်ခံရကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။
ရန်ကုန်မြို့အတွင်း စည်းကမ်းဖောက်ဖျက်သဖြင့် စစ်ဆေးဖမ်းဆီးခဲ့သည့် အငှားယာဉ် ၉၀ စီးကျော်ကို မော်တော်ယာဉ် ဥပဒေအရ ပုဒ်မ ၆၅ နှင့် အရေးယူပြီးသည့်အပြင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၄ နာရီက လမ်းဘေးရပ်ထားသည့် ကယ်ဒီနားအမျိုးအစား အငှားယာဉ်နှစ်စီးဖြင့် မူးယစ်ဆေးဝါးများ လှည့်လည်ရောင်းချနေသော အမျိုးသားသုံးဦးထံမှ WY စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်ဟု ယူဆရသည့် အရွက်ခြောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးအနီးရှိ လမ်းသွယ်တစ်ခုတွင် ရပ်နားထားသော ဟိုက်ဂျက်ယာဉ်တစ်စီး၏ နောက်ခန်းအတွင်းမှ တန်ဖိုးငွေ ကျပ်သိန်း ၇၀ ကျော်ရှိသော အဝတ်အထည်မျိုးစုံ ၁၁၇၀ ထည်ကို ခိုးယူသွားသည့် အငှားယာဉ်မောင်း အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ အခြားကျူးလွန်ထားသည့် ခိုးမှုများ ထပ်မံဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော စတစ်ကာကပ်အငှားယာဉ် ၉၀ ကျော်ကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ ကနဦးဒဏ်ရိုက်အရေးယူထားကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။