News

POST TAGGED AS

အင်းလေး

အင်းလေးဇုန်ဝင်ကြေး ကောက်ခံမှုကို မေလ ၁ ရက်မှစ၍ ဒေသခံအဖွဲ့အစည်းများနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က တာဝန်ယူကောက်ခံမည်ဖြစ်ကြောင်း အင်းလေးဇုန်ဝင်ကြေး ကောက်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။
အင်းလေး-ဖယ်ခုံ ခရီးစဉ်ရေ လမ်းကြောင်းတစ်လျှောက်ရှိ ပိတ်ဆို့လျက်ရှိသော ဗေဒါများနှင့်ကျွန်းမျောများကို အင်းလေးဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယနေ့ (ဧပြီလ ၂၂ ရက်) ရှင်းလင်းမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးညီညီဇော်က ပြောကြားသည်။
တင်ဒါစနစ်ဖြင့် ကောက်ခံနေသည့် အင်းလေးကန် ဇုန်ဝင်ကြေးကောက်ခံမှုကို ဒေသခံများပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် ဧပြီလကုန်မှ စတင်ကောက်ခံရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ်တောင်ပိုင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် Manda Myanmar တို့က ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျွန်းမျောခရမ်းချဉ် (GAP) စံပြစိုက် တောင်သူများကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျပ်သိန်း ၉၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တောင်ကြီးခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပြောကြားသည်။
ရန်ကုန်၊ ပုဂံနှင့်အင်းလေးဒေသကို အာဆီယံဒေသအတွင်းရှိ ခရီးသွားကဏ္ဍများအကြောင်း အကြံပြုရေးသားသည့် ခရီးသွားဘလော့ဂ်ဂါများဖြင့် ဈေးကွက်မြှင့်မည်ဖြစ်ကြောင်း မြန်မာခရီးသွား ဘလော့ဂ်ဂါကလပ်ထံမှ သိရသည်။
နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အဓိက သွားရောက်လေ့လာလေ့ရှိသော ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး ဘုရားအနီး နိုင်ငံခြားသားခရီးသွား စက်လှေနှင့်ဒေသခံစက်လှေတို့ တိုက်မိခဲ့ကြောင်း save the inle lake အဖွဲ့ထံမှ သိရသည်။
17-Oct-2017 tagged as အင်းလေး
အင်းလေးကန်အတွင်းမှ ဆယ်ယူရရှိထားသည့် စွန့်ပစ်ဗေဒါ အမှိုက်များကို အော်ဂဲနစ် သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်ကာ ဒေသခံတောင်သူများထံ ဖြန့်ဖြူးနိုင်ရန် စီစဉ်နေကြောင်း အင်းတောင်သူလယ်သမားအဖွဲ့ (Save The Inle Lake) ထံမှ သိရသည်။
02-Sep-2017 tagged as အင်းလေး
အမေရိကအခြေစိုက် Hilton ဟိုတယ်လုပ်ငန်းစုနှင့်ပူးပေါင်း၍ အင်းလေးနှင့် ပုဂံတွင် ဆောက်လုပ်မည့်ဟိုတယ် နှစ်လုံးအတွက် ဧဒင်အုပ်စုက အမေရိကန် ဒေါ်လာသန်း ၁၀ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Eden ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။
02-Apr-2017 tagged as အင်းလေး
သဲနုန်း ဆယ်ယူမှုများ စဉ်ဆက်မပြတ် ပြုလုပ်သောကြောင့် ယခုနှစ် ဧပြီလဆန်းတွင် အင်းလေးကန်၏ ရေခန်းခြောက်မှုနှုန်းမှာ ပုံမှန်နှစ်ထက် ရေလမ်းကြောင်းများ တစ်ပေခွဲခန့် ပိုမိုမြင့်တက်လျက်ရှိကြောင်း ညောင်ရွှေမြို့နယ် ဆည်မြောင်း ဦးစီးဌာနထံမှ သိရသည်။
14-Nov-2016 tagged as အင်းလေး
အာဆီယံ အမွေအနှစ် စာရင်းဝင် တစ်ခုဖြစ်သည့် အင်းလေးကန်အတွင်း စက်လှေများမှ ထွက်ရှိသည့် မီးခိုးငွေ့များကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေထုညစ်ညမ်းမှုနှင့် အသံ ဆူညံမှုကို လျှော့ချနိုင်ရန် စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း Save The Inle Lake အဖွဲ့ထံမှ သိရသည်။