News

POST TAGGED AS

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နတ်ဆရာတစ်ဦးက ဂူတစ်ခုအတွင်း နှစ်ပေါင်း ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့်ဖြစ်ရပ် မကြာသေးခင်ရက်ပိုင်းက ပေါ်ပေါက်သွားသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ လွမ်ဘွတ်တွင် ယမန်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများအကြား ပိတ်မိနေနိုင်သူများကို ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေကယ်ဆယ်လျက်ရှိကြောင်း၊ ထို့အတူ အာဏာပိုင်များက ကမ္ဘာလှည့်ခရီးသည် ၂၀၀၀ ကျော်ခန့်ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားသွားရောက်လေ့ရှိသည့် လွမ်ဘွတ်၌ ပြင်းအား ၆ ဒသမ ၄ ရှိသည့် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးသွားသည်ဟု အာဏာပိုင်များကပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ၏ စက်ဆုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုသည်မကြာမီက နိုင်ငံတကာသတင်းများပေါ် တက်လာသည်။ အသက် ၁၅ နှစ်အရွယ် ကလေးမလေးတစ်ဦးကို သူ့အစ်ကိုဖြစ်သူက မုဒိမ်းကျင့် လိုက်သည်။ ခြောက်လခန့်ကြာလာသည့်အခါတွင် ကောင်မလေး၌ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရသည်။ ကလေးမလေးက ကိုယ်ဝန်ဖျက်ချသည်။ သူ့ကို ကိုယ်ဝန်ဖျက်ချမှုနှင့် ဖမ်းလိုက်သည်။ ကောင်မလေးကို ဇူလိုင် ၁၉ ရက်နေ့က မော်ရာဘူ လီယန်ပြည်နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။ မောင်နှမနှစ်ယောက်စလုံးကို တရားရုံးတွင် တံခါးပိတ်စစ်ဆေးပြီးမှ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေကန်တွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော ဖယ်ရီရေယာဉ်တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၀၀ နီးပါးခန့် သေဆုံးသွားသည်ဟု ယူဆရကြောင်း အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့တွင် ယမန်နေ့ကဖြစ်ပေါ်ခဲ့သော ဘုရားရှိခိုးကျောင်းသုံးကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှု၌ ခြောက်ဦးပါသော မိသားစုတစ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမိသားစုသည် IS အုပ်စုကိုပံ့ပိုးသည့် အစွန်းရောက်အစ္စလာမ္မစ်အုပ်စုဖြစ်သော ဂျမားအန်ဟာ ရွတ်ဒူလာ (JAD) အုပ်စုနှင့် ချိတ်ဆက်မှုရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို CNA သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘရာရှိခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုတွင် အသေခံဗုံးခွဲမှုအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီတွင် ကလေးစုံတွဲသည် ဝေဖန်ကန့်ကွက်မှုများကြားမှ လက်ထပ်ခွင့်ရရန် အချိန်အတန်ကြာ တိုက်ပွဲဝင်ခဲ့ပြီးနောက် ယခုသီတင်းပတ်တွင် လက်ထပ်ခဲ့ကြသည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံ သုတေသန၊ နည်းပညာနှင့် အဆင့်မြင့်ပညာဝန်ကြီးသည် ဂျကာတာတက္ကသိုလ် (UNJ) ကျောင်းအုပ်ပါမောက္ခဂျာလီကို တာဝန်က ရပ်ဆိုင်းလိုက်သည်။ ဝန်ကြီးက ကျောင်းအုပ်ကြီးကို အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ညံ့ဖျင်းမှုများကြောင့် တာဝန်က ရပ်ဆိုင်းလိုက်ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတွင် အသက်မွေးပညာ အထက်တန်းကျောင်းကို စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်နိုင်ခဲ့သည့် အသက်မွေးပညာသင် ကျောင်းတစ်ကျောင်းဖြစ်ပြီး ဂျပန်နိုင်ငံက ပူးပေါင်းအထောက်အပံ့ပေးကာ သင်ကြားပေးခဲ့သည်။ ထိုကျောင်းက သင်တန်းဆင်းများကိုလည်း အသက်မွေးပညာသင် ကောလိပ်၊ တက္ကသိုလ်များကို ဆက်တက်နိုင်စေရန် စီစဉ်ပေးခဲ့သည်။