News

POST TAGGED AS

အင်တာနက်

လက်ရှိအသုံးပြုနေသည့် Wi-Fi စနစ်ထက် အဆ ၁၀၀ မြန်သည့် ဆူပါဝိုင်ဖိုင် တီထွင်
လက်ရှိအသုံးပြုနေသည့် Wi-Fi စနစ်ထက် အဆ ၁၀၀ ပိုမြန်သည့် ဆူပါမြန်နှုန်းမြင့် (high-frequency radiation waves) ကို အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

Terahertz Waves နှုန်းဖြင့် ဒေတာများကို ပေးပို့နိုင်မည့် စနစ်သည် လက်ရှိ အသုံးပြုနေကြသည့် microwaves နှုန်းများထက် ပိုမြန်ပြီး တစ်စက္ကန့်လျှင် 50 gigabits နှုန်းအထိ ဒေတာများကို ပေးပို့နိုင်ကြောင်း ယင်းသတင်းက ဆိုသည်။ 

အမေရိက Brown University မှ ပါမောက္ခ ဒဲနီရယ် မစ်တယ်မန်း ဦးဆောင်သည့် ပညာရှင်အဖွဲ့သည် လက်ရှိ ဒေတာများကို အမြင့်ဆုံး ပေးပို့နှုန်း 500 megabytes နှုန်းထက် ပိုမြန်သည့်စနစ်ကို တီထွင်နိုင်ခဲ့သော်လည်း အာဏာပိုင်များက သုံးခွင့်ပြုဦးမည် မဟုတ်ကြောင်း Reuters တွင် ရေးသားထားသည်။ 




FOLLOW US