News

POST TAGGED AS

အင်တာနက်

ကျူးဘားကွန်မြူနစ် ကျွန်းနိုင်ငံငယ်တွင် လွတ်လပ်ပြီး ထိန်းချုပ်ကန့်သတ်ထားခြင်းမရှိသော သတင်းအချက်အလက်စီးဆင်းမှု အားကောင်းစေရန်အတွက် ကျူးဘားအင်တာနက်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုကို ကိုးကားပြီး VOA သတင်းဌာနက ဖော်ပြသည်။ ကျူးဘားနိုင်ငံပိုင်မီဒီယာကမူ အမေရိကန်၏ အဖျက်အမှောင့်လုပ်ရပ်သာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုက်ဘာလောကကို စိုးမိုးရန် ဦးတည်ထားသော်လည်း အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံကို တံခါးပိတ်ထားရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
08-Nov-2017 tagged as Facebook အင်တာနက်
လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် Facebook အပါအဝင် အင်တာနက် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် အဆိုကို လွှတ်တော်က အတည်ပြုလိုက်သည်။
ပြည်တွင်းမှာ အင်တာနက် အသုံးပြုမှုတွင် ကျယ်လာတာနဲ့အမျှ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အင်တာနက် အသုံးပြုမှု များပြားလာတာကို တွေ့နိုင်ပါတယ်။ ဒီလိုအသုံးပြုမှုအပေါ်မှာ ပြည်တွင်းက နည်းပညာသမားတွေကို မေးမြန်းကြည့်တဲ့အခါ ကလေးငယ်တွေ စာလုံးကို ဖတ်တတ်ပြီဆိုရင်ပဲ အင်တာနက် အသုံးပြုသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေ မလုံခြုံမှုတွေ မဖြစ်ပွားဖို့ အတွက်တော့ မိဘတွေအနေနဲ့ ဂရုပြုသင့်တယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းနည်းပညာရှင်တွေရဲ့ အကြံပြုချက် တချို့ကို ကြည့်ရအောင်။
လက်ရှိအသုံးပြုနေသည့် Wi-Fi စနစ်ထက် အဆ ၁၀၀ ပိုမြန်သည့် ဆူပါမြန်နှုန်းမြင့် (high-frequency radiation waves) ကို အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကလေးများ လူမှုမီဒီယာ အလွန်အကျွံ အသုံးပြုခြင်းနှင့် အွန်လိုင်းတက်ခြင်းကို သရေစာကဲ့သို့ စားသုံးနေခြင်းအား မိဘများက တားဆီးကြရမည်ဟု ကလေးသူငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီးက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။