News

POST TAGGED AS

အဂတိလိုက်စားမှု

မြေယာကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းထောင်ချီ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများ ပါဝင်သည့် ငါးဦးကို ယနေ့ (ဩဂုတ်လ ၇ ရက်) ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး ချုပ်ရမန် ယူခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် ပြည်ထဲရေးအဆင့်မြင့် အရာရှိများ ပါဝင်သည့် အဂတိ လိုက်စားမှုမှ ထွက်ပြေး တိမ်းရှောင်နေသော မော်လိုက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေးကို ဖမ်းဆီးနိုင်ရန် ၎င်းနေထိုင်ခဲ့သည့် လှိုင်မြို့နယ်တွင် ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ စုံစမ်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန(စသုံးလုံး)မှ စုံစမ်းရေးမှူး ဦးအောင်ကြည်နိုင်(စ/၁၄၄၃) ကို ၂၀၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀(ခ) အရ အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။
စက်မှုဝန်ကြီးဌာန မြေအမည် ပေါက်ကိစ္စနှင့်ပတ်သက်ပြီး ရောင်းသူ မြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိ လိုက်စားပြီး နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုမှ ထွက်ပြေး တိမ်းရှောင်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မော်လိုက်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ရဲသွေး(ယခင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး)ကို ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၀/ ၆၃ ဖြင့် တရားစွဲဆို
ပြည်သူ့ဝန်ထမ်းဟူသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်လျှင် မည်သူ့ကိုမဆို လုပ်ကို လုပ်ပေးရမည်သာ ဖြစ်ပါသည်။ ပြည်သူများက အမြန် လိုချင်သည်။ အဆင့် ကျော်ချင်သည်ဆိုလျှင်တော့ ဝန်ထမ်းက ပညာပြတော့မည် ဖြစ်ပါသည်။ တော်ရုံတန်ရုံ မည်သည့်ဝန်ထမ်းကမျှ ဥပဒေ၊ စည်းမျဉ်းကို ကျော်၍မလုပ်ရဲပါ။ ပေါ်ပေါက်လျှင်၊ တိုင်တန်းလျှင် ဤကိစ္စက အပြစ်ကြီးပါသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းကို ကျော်လွန်၍တော့ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကိုကြည့်၍ ဝန်ထမ်းကို မချဉ်းကပ်သင့်၊ မဖျက်ဆီးသင့်ဟု ထင်ပါသည်။
မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံများထံမှ လာဘ်ငွေရယူ တရားစီရင်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စွပ်စွဲခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
အဂတိလိုက်စားသည်ဟ ဆိုကာ တရားစွဲဆို ခံထားရသည့် ပြင်ဦးလွင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့ကို တိုင်းဒေသကြီးတရားရုံး၌ ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက်ပိုင်းက စတင် ရုံးထုတ်ခဲ့သည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ